Connect with us

Sport

ပထမအကြိမ် အာဆီယံ နိုင်ငံ့ ဝန်ထမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ငွေ ၂ ဆု၊ ကြေး ၁ ဆု ရရှိ

အာဆီယံ နိုင်ငံ့ ဝန်ထမ်း အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သော မြန်မာ အားကစား သမားများအား တွေ့ရစဉ် (ဓာတ်ပုံ- အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ပထမအကြိမ် အာဆီယံ နိုင်ငံ့ ဝန်ထမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဂေါက်သီးရိုက် အားကစားနည်းနှင့် ဘိုးလင်း အားကစားနည်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ပြီး ငွေတံဆိပ် ၂ ဆုနှင့် ကြေးတံဆိပ် ၁ ဆုရရှိခဲ့ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

ပထမအကြိမ် အာဆီယံ နိုင်ငံ့ ဝန်ထမ်း အားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဂေါက်သီး အသင်းလိုက် ပြိုင်ပွဲတွင် ဒုတိယဆုကို လည်းကောင်း၊ ဘိုးလင်းအမျိုးသား (၂) ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုကိုလည်းကောင်း၊ ဘိုးလင်း တံခွန်စိုက် အသင်းလိုက် ပြိုင်ပွဲတွင် တတိယဆုကို လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.