Connect with us

Sport

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ် ဖလား ပြိုင်ပွဲသို့ ဝင်ရောက်မည့် မြန်မာ လက်ရွေးစင် ယူ-၂၁ အသင်း လူစာရင်း ထုတ်ပြန်

မြန်မာ လက်ရွေးစင် ယူ-၂၁ အသင်း လေ့ကျင့်ရေး ဆင်းနေစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံတွင် နိုဝင်ဘာလ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် International U-21 Football Tournament Youth Newspaper Cup 2015 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၁ အသင်း၏ လူစာရင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန် လိုက်သည်။

မြန်မာ ယူ-၂၁ အသင်း၏ အပြီးသတ် လူစာရင်းတွင် ကစားသမား ၂၀ ဦးသာ ပါဝင်လာခဲ့ပြီး ဂိုးသမား ၂ ဦးနှင့် ကစားသမား ၁၈ ဦး ရွေးချယ်ထားသည်။ အဆိုပါ အပြီးသတ် လူစာရင်းတွင် ပြီးခဲ့သည့် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းမှ ကစားသမား ၉ ဦးဖြင့် အများဆုံး ပါဝင်နေပြီး အာရှ ယူ-၁၉ ခြေစစ်ပွဲဝင် အသင်းမှ ကစားသမား ၆ ဦး ပြန်လည် ပါဝင်လာသည်။

မြန်မာ ယူ-၂၁ အသင်းသည် အဆိုပါ ပြိုင်ပွဲတွင် အုပ်စု (ခ)၌ HAGL ယူ-၂၁ အသင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်းတို့နှင့် အတူ ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲ အဖြစ် နိုဝင်ဘာလ ၂၀ ရက်တွင် အာဆင်နယ် အကယ်ဒမီ ယူ-၂၁ အသင်း ဖြစ်သည့် HAGL ယူ-၂၁ အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် ဒုတိယ ပွဲအဖြစ် နိုဝင်ဘာလ ၂၂ တွင် တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ကစားရမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ် ၂ ပွဲတွင် အခြေအနေ ကောင်းခဲ့ပါက ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်မည်ဖြစ်ပြီး အုပ်စု အောက်ဆုံး၌သာ ရပ်တည်ခဲ့ပါက ပဉ္စမနေရာ လုပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပဉ္စမ နေရာလုပွဲနှင့် ဆီမီးဖိုင်နယ် ပွဲစဉ် ၁ ကို နိုဝင်ဘာ ၂၆ တွင် ကျင်းပမည် ဖြစ်ပြီး၊ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ကို နိုဝင်ဘာ ၂၇ တွင် ကျင်းပမည် ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲများကိုမူ နိုဝင်ဘာလ ၂၉ တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာ ယူ-၂၁ အသင်း၏ အုပ်ချုပ်/နည်းပြများ မှာ ဦးတင်မြင့်အောင် (အသင်းအုပ်ချုပ်သူ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) အဲရစ်ဝီလျံ (နည်းပြချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဦးညီညီလတ် (လက်ထောက်နည်းပြ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဦးယဉ်မင်းအောင် (ဂိုးနည်းပြ၊ ရတနာပုံ)
ဦးကျော်သန့်ဇင် (ဆရာဝန်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) တို့ ဖြစ်ကြသည်။

မြန်မာ ယူ-၂၁ အသင်း တွင် ကစားသမားများဂိုး – ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင် (MFF Youth)။
နောက် – ထိုက်ထိုက်အောင် (ဧရာဝတီ ယူနိုက်တက်)၊ သိန်းဇော် (ဇွဲကပင် ယူနိုက်တက်)၊ နိုင်လင်းထွန်း (မကွေး)၊ နန်းဝေမင်း (ရန်ကုန် ယူနိုက်တက်)၊ ရဲရင့်အောင်၊ စိုးမိုးထွန်း (MFF Youth)။
လယ် – မျိုးကိုထွန်း (ရတနာပုံ)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ စွမ်းထက်အောင် (ရန်ကုန် ယူနိုက်တက် လူငယ်)၊ ကျော်ဇေယျ၊ မောင်မောင်လွင် (ဟံသာဝတီ ယူနိုက်တက်)၊ လှိုင်မျိုးအောင် (ကမ္ဘောဇ)၊ ဇင်ဖြိုးအောင် (ဇွဲကပင် ယူနိုက်တက်)၊ အောင်မိုးသူ (MFF Youth)။ရှေ့တန်း – သန်းဇော်ဟိန်း၊ မောင်မောင်စိုး (မကွေး)၊ သန်းပိုင် (ရန်ကုန် ယူနိုက်တက်)၊ ရှိုင်းသူရ (ရတနာပုံ) တို့ဖြစ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.