Connect with us

Sport

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ အားကစား အဖွဲ့များ စခန်းသွင်း လေ့ကျင့်လျက်ရှိ

အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်နေသော မြန်မာ အားကစား သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အားကစား ဝန်ကြီးဌာန)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မလေးရှား နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ အားကစား အဖွဲ့များ ယခု နိုဝင်ဘာလမှ စတင်၍ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်း၌ စခန်းသွင်း လေ့ကျင့်လျက် ရှိနေကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာ ၁၆ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး အားကစားနည်း ၃၈ မျိုး ထည့်သွင်း ကျင်းပရန် လျာထားကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေနှင့် အားကစားနည်း (၃၂) မျိုး ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်လျက် ရှိရာ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်း၌ နိုဝင်ဘာလမှ စတင်၍ ပြေးခုန်ပစ်၊ ပီတန်း၊ သုံးမျိုးစုံ၊ ဓါးခုတ်၊ အလေးမ စသည့် အားကစားနည်း များကို လေ့ကျင့်လျက် ရှိနေကြောင်း သိရသည်။

ထို့ပြင် အားကစားသမားများ လေ့ကျင့်မှု ဆိုင်ရာ တင်ပြချက်များ အစည်းအဝေးကို ယနေ့နိုဝင်ဘာလ ၂၃ ရက်တွင် နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်း၌ ပြုလုပ်ခဲ့ပြီး ကျန် အားကစားနည်းများ အလိုက် လေ့ကျင့်မှု စတင်မည့်အချိန် နှင့် လက်ရှိ စခန်းသွင်း လေ့ကျင့်လျက် ရှိသော အားကစားနည်း အလိုက် အားကစားသမားများ ရွေးချယ် ထားရှိမှု အခြေအနေ ၊ အားကစားနည်းများ အလိုက် နိုင်ငံခြား နည်းပြများ ငှားရမ်း လေ့ကျင့်နိုင်ရေး ကြိုတင ်စီစဉ်ထားရှိမှုများ ၊ ကြားကာလ နိုင်ငံတကာ အားကစား ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရန် လျာထားမှုများ အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117