ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် လူနေအိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ရေများပြန်ကျနေပြီဖြစ်ကြောင်း နှင့် အိမ်တွင်းရေဝင်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသူများမှာလည်း မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်တန်မြို့တွင် ဧပြီ ၃ ရက်နံနက်အစောပိုင်း အိမ်တွင်းပါတီပွဲတစ်ခု ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝယ်လ်မင်တန်ရဲဌာန တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဒါကာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း COVID-19 လှိုင်းအသစ်အား ထိန်းချုပ်ရန် ဧပြီ ၅ ရက်မှစတင်၍ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည့် Lockdown ချမှတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင် တားဆီးထိန်းသိမ်းထားသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သူဦးရေသည် မတ်လပိုင်းတွင် (၁၇၁,၀၀၀) ကျော်ရှိရာ ၎င်းမှာ နှစ်ပေါင်း (၂၀)ကာလ၌ တစ်လအတွင်း လူဦးရေအများဆုံးအဖြစ် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ဗျူနိုအေးရိစ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ သမ္မတ Alberto Fernandez က ၎င်းတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၃ ရက် အစောပိုင်းက တွစ်တာပေါ်၌ ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၁၀) မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၄၀) မိုင်ခန့်၊ ကိုကိုးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၃၅) မိုင်ခန့်နှင့် ရန်ကုန်မြို့ ၏ တောင်-အရှေ့တောင်ဘက်...
ဘန်ဒါဆရီဘဂါဝန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံသည် နိုင်ငံများစွာ၌ COVID-19 ကာကွယ်ဆေး သာတူညီမျှစွာရရှိရန် ရည်ရွယ်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ဦးရွက်ပြုထားသော COVAX အစီအစဉ်မှတစ်ဆင့် COVID-19 ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ပရီတိုးရီးယား၊ တောင်အာဖရိက၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားတက္ကသိုလ်မှ ကျောင်းသား ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Blade Nzimande က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဟွားလျန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ချင်းမင်ပွဲတော်ကာလ ရုံးပိတ်ရက် (၄) ရက်စတင်ခဲ့သည့် ဧပြီ ၂ ရက်က နှစ်ပေါင်း (၄၀)ကျော်ကာလအတွင်း သေဆုံးဒဏ်ရာရမှု အဆိုးဆုံးဖြစ်သည့် ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ၍ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သလို လူပေါင်းတစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။