Connect with us

North America

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတွင် အိမ်တွင်းပါတီပွဲတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားရာ ၃ ဦးသေဆုံး ၊ ၄ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် North Carolina Charlotte တက္ကသိုလ်ပုရဝဏ်တွင် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ်(အေဖက်ပီ)

ဝါရှင်တန်၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်တန်မြို့တွင် ဧပြီ ၃ ရက်နံနက်အစောပိုင်း အိမ်တွင်းပါတီပွဲတစ်ခု ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝယ်လ်မင်တန်ရဲဌာန တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး ယင်းတို့၏ အခြေအနေကို မသိရှိရသေးကြောင်း သိရသည်။ စနေနေ့နံနက်ပိုင်းထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိသေးကြောင်း နှင့် ပစ်ခတ်မှုတွင် ပါဝင်သော အနည်းဆုံး သံသယရှိသူတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်တွင်းမီဒီယာကရေးသားဖော်ပြခဲ့သည်။

“ ကျွန်တော့်ရဲ့ အမှုစစ် အစိုးရရှေ့နေတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကာလအတွင်း ဆိပ်ကမ်းမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေအနက် ဒီပစ်ခတ်မှုဟာ အဆိုးရွားဆုံးတွေထဲက တစ်ခုပါပဲ” ဟု ခရိုင်အစိုးရရှေ့နေ Ben David က ဆိုသည်။

ပြီးခဲ့သော နှစ်တွင် အမေရိကန်နိုင်ငံရှိအဓိက မြို့ကြီးများ၌ လူသတ်မှုများသည် ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရကြောင်း ၊ ယခုနှစ် ပထမ သုံးလအတွင်း ရာဇဝတ်မှုမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း CNN သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။(Xinhua)

——————————————
(English Version)

3 killed, 4 injured in house party shooting in U.S. North Carolina

WASHINGTON, April 3 (Xinhua) — Three people were killed and four others injured during a house party shooting in Wilmington in U.S. southeastern state of North Carolina early Saturday morning, the Wilmington Police Department tweeted.

The injured victims were hospitalized in unknown conditions.
No one was in police custody as of early Saturday, and at least one person suspected of firing shots was believed to have fled, local media reported.
“In my more than two decades as a prosecutor this is one of the worst crimes we have ever had in the Port City,” said District Attorney Ben David.

Major U.S. cities saw a 33 percent hike in homicides last year, according to a CNN report, noting the crime surge continued into the first quarter of this year. Enditem
A police officer guides traffic as students and faculty file out of buildings during a lockdown after a shooting on the campus of University of North Carolina Charlotte in North Carolina, the United States, on April 30, 2019. (AFP Photo)