Connect with us

North America

အမေရိကန်-မက္ကဆီကို နယ်စပ်တွင် တားဆီးထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် မတ်လတွင် စံချိန်တင်တိုးမြင့်လာ

ဂွါတီမာလာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်နှစ်ဦး အမေရိကန်-မက္ကဆီကို နယ်စပ် Rio Grande မြစ်ကို ဖြတ်၍ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင် တားဆီးထိန်းသိမ်းထားသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သူဦးရေသည် မတ်လပိုင်းတွင် (၁၇၁,၀၀၀) ကျော်ရှိရာ ၎င်းမှာ နှစ်ပေါင်း (၂၀)ကာလ၌ တစ်လအတွင်း လူဦးရေအများဆုံးအဖြစ် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

မတ်လပိုင်းတွင် အမေရိကန်-မက္ကဆီကို နယ်စပ်၌ ထိန်းသိမ်းထားသည့် တရားမဝင်နေထိုင်သူများအနက် (၉၉,၀၀၀)ခန့်က တစ်ဦးတည်း ခိုးဝင်ဖြတ်ကျော်လာသည့် အရွယ်ရောက်ပြီးသူများဖြစ်ပြီး မိသားစုလိုက် ဝင်ရောက်လာသူ (၅၃,၀၀၀)ခန့်၊ မိဘအုပ်ထိန်းသူမပါဘဲ တစ်ဦးတည်း သို့မဟုတ် မှောင်ခိုသမားများနှင့် လာရောက်ကြသည့် ကလေးငယ် (၁၉,၀၀၀)ခန့် ရှိကြောင်း ရိုက်တာသတင်းဌာနက ဧပြီ ၂ ရက်တွင် အမေရိကန်အကောက်အခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (CBP) ၏ ကနဦးထုတ်ပြန်သည့် ကိန်းဂဏန်းများကို ကိုးကားဖော်ပြထားသည်။

 ဂွါတီမာလာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်နှစ်ဦး အမေရိကန်-မက္ကဆီကို နယ်စပ် Rio Grande မြစ်ကို ဖြတ်ကျော်အပြီး အမေရိကန်နယ်စပ်တွင် ကင်းလှည့်တပ်ဖွဲ့ဝင်၏ စီမံမှုကို စောင့်ဆိုင်းနေသည်ကို  တွေ့ရစဉ် (ဆင်ဟွာ)

ထိုမတိုင်မီ အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဦးရေ တစ်လအတွင်းအများဆုံးစံချိန်သည် ၂၀၀၀ ပြည့်နှစ် ဧပြီလ၌ (၁၈၀,၀၀၀)ကျော် ဖြစ်ကြောင်းသိရသည်။

ယခုနှစ်များတွင် အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုပမ်းသည့် ရွှေ့ပြောင်းနေထိုင်သူများရှိရာ အများစုမှာ မက္ကဆီကိုနှင့် အခြားဗဟိုအမေရိကနိုင်ငံများမှဖြစ်သည်။ ယခုလပိုင်းများတွင် ထိုအခြေအနေသည် တောက်လျှောက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မတ်လပိုင်းတွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ နောက်ဆုံးအရေအတွက်ကို လာမည့်အပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန် အကောက်ခွန်နှင့်နယ်စပ်ကာကွယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ မီဒီယာတွင် ဖော်ပြထားသည့် ကနဦး ကိန်းဂဏန်းများကို သုံးသပ်ဖြေကြားရန် ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်၌ ဒုက္ခသည်ကလေးငယ်နှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ် (၁၈၄,၀၀၀) အထိ များလာနိုင်ပြီး မှတ်တမ်းရှိခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစ၍ အများဆုံးစံချိန်ဖြစ်နိုင်ကြောင်း အမေရိကန်အကောက်အခွန်နှင့်နယ်စပ်ကာကွယ်ရေးဌာန၏ အချက်အလက်အချို့တွင် ဖော်ပြထားသည်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်မှ မက္ကဆီကိုသို့ ပြန်ပို့ပေးမှုများခြင်းကြောင့် ယင်းကိန်းဂဏန်းများတွင် မက္ကဆီကိုမှ လာသည့် ကလေးငယ်အရေအတွက် မပါဝင်သေးကြောင်း သိရသည်။

အမေရိကန်တွင် ယင်းကလေးငယ်များကို ထိန်းသိမ်းထားသည့်နေရာများ၌ လူများပြည့်လျှံ၍ ရောဂါကာကွယ်ရေးအတွက် အခက်ပိုတွေ့ကာ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်း ဖြစ်လာနိုင်မည်ကို လူအများက စိုးရိမ်လျက်ရှိသည်။

မတ် ၂၉ ရက်အထိ အမေရိကန်နိုင်ငံ နေရာအသီးသီးရှိ ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်နှင့် ဒုက္ခသည်ကလေးငယ် (၁၂,၀၀၀)ကျော် ရှိရာ စက်တင်ဘာလတွင် (၅၃,၀၀၀) အထိ တိုးလာနိုင်ကြောင်း သိရသည်။ ယခုရက်သတ္တပတ်များတွင် တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုမြို့များတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူကလေးငယ်များ ပိုမိုလက်ခံနိုင်ရေး အရေးပေါ်နေရာချထားရေးစခန်းများ အလျင်အမြန်တည်ဆောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————————
(Chinese Version)
美墨边境3月拦截非法移民人数创新高
2021-04-03 15:15:28
Image Carouse
  新华社北京4月3日电(记者杨舒怡)初步数据显示,美国3月在南部边境拦截并扣押非法越境人员超过17.1万,创下20年来单月最高纪录。
路透社2日援引美国海关与边境保护局初步数据报道,美国执法人员3月在美国与墨西哥边境扣押的非法移民中,大约9.9万人属于独自偷渡的成年人;大约5.3万人拖家带口偷渡;还有大约1.9万名儿童没有父母陪护,有的单独行动,有的由蛇头带领越境。
  在这之前,美墨边境被扣非法移民人数单月最高纪录是2000年4月的18万多人。
 近年试图偷渡进入美国的移民,多数来自墨西哥和其他中美洲国家。最近数月的情形仍然保持这一趋势。 美国海关与边境保护局发言人说,3月扣押非法移民数量的最终数据有望下周发布。就媒体报道的初步数据,这名发言人拒绝发表评论。
 美国海关与边境保护局一份内部文件显示,美墨边境2021财年可能迎来多达18.4万难民儿童及非法移民儿童,或将刷新2010年有记录以来的最高纪录。由于美国遣返墨西哥非法移民速度快,该数据不含来自墨西哥的儿童。
 不少人担忧,美国关押这类儿童的场所人满为患,防疫难度加大,可能酿成人道主义危机。 美国各地收容中心截至3月29日收容超过1.2万名非法移民儿童及难民儿童,预计到9月还将增至5.3万。最近几周,美国在得克萨斯州达拉斯、加利福尼亚州圣迭戈等地加紧建设紧急安置点,以容纳更多非法移民儿童。

3月27日在墨西哥华雷斯拍摄的照片显示,两名来自危地马拉的移民儿童跨越美墨边境的里奥格兰德河,试图进入美国。(新华社发,戴维•佩纳多摄)
3月27日在墨西哥华雷斯拍摄的照片显示,两名来自危地马拉的移民儿童在跨越美墨边境的里奥格兰德河后,等待接受美国边境巡逻队人员的处理。(新华社发,戴维•佩纳多摄)