ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအစိုးရက ပြည်ပမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းမှု တန်ချိန်ကန့်သတ်ချက်များကို သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့ရာ မြန်မာ့ ပဲကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အခက်အခဲဖြစ်စေခဲ့ကြောင်း၊ ပုံမှန်ပဲတင်သွင်းခွင့်ပြန်လည်ရရှိရေးအတွက် အစိုးရချင်း ညှိနှိုင်းပေးပါရန် ပုဂ္ဂလိကကဏ္ဍက နိုင်ငံတော်အစိုးရအား တင်ပြထားပြီး၊ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား ယနေ့ သြဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်သမားများ တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး(ရန်ကုန်)က ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် သုံးနှစ်ဆက်တိုက်မိုးရွာသွန်းမှုများ ၍ နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၊ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့ အထိ ရေကြီးရေလျှံမှုများကြောင့် စုစုပေါင်း အိမ်ထောင်စု ၆၃၅၅၂ စု၊ လူဦးရေ ၂၆၀,၇၇၂...
ဂျက်ဒါ၊ ဆော်ဒီအာရေဗျ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရေးအတွက် တရုတ်နှင့် ဆော်ဒီအာရေဗျ တို့က သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) လတ်တလော ဖြစ်ပေါ်နေသည့် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရေး အခက်အခဲများကို ပြေလည်စေရန် နှစ်နိုင်ငံ အစိုးရချင်း Government to Government နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး...
မန္တလေး ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ကို အခမဲ့ ခွဲစိတ်ကုသပေးသည့် မဲခေါင်ဒေသ စက္ခုအလင်းခရီးစဉ် မျက်စိအလင်းပြန်လည် ရရှိခြင်း အခမ်းအနား အား သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်း...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့် ယနေ့ဆွေးနွေးကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်တွင် နေထိုင်သော ဆေးရုံ အလုပ်သမ တစ်ဦးက အမေရိကန်ထီ ဒေါ်လာ ၇၅၈.၇ သန်းအား သြဂုတ်လ ၂၄ ရက်က တစ်လုံးတစ်ခဲတည်း ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ကျားခေါင်းတောင်နှင့် နတ်ချောင်း ရဲကင်းစခန်းတို့တွင် ယနေ့ သြဂုတ် ၂၅ရက်နေ့ နေ့လည် ၁၂နာနာရီခန့်ထိ အစွန်းရောက်အကြမ်းဖက် သမားများနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တောင်မြောက်လမ်းဆုံအနီး ဆီသယ်ယာဉ်နှင့် ကွန်တိန်နာတို့ ယာဉ်တိုက်မှုဖြစ်ပြီး ဆီသယ်ယာဉ်မီးလောင်ကျွမ်းခဲ့ရာ အနီးရှိနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နစ်နာသူများအား ဆီသယ်ယာဉ် ကုမ္ပဏီဘက်မှ ကူညီပေးရန် အစီအစဉ်ရှိကြောင်း National Energy Puma Aviation Services (NEPAS)ကုမ္ပဏီထံမှ သိရသည်။