Connect with us

Asia

တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် သမ္မတ ရှီ နှင့် ဒူတာတေးတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်(ယာ) နှင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီကိုဒူတာတေး (ဝဲ) တို့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ နိုဝင်ဘာ ၁၂ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီကိုဒူတာတေးတို့သည် နိုဝင်ဘာ ၁၁ရက်တွင် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပ ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာလာစေရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရှီက သမ္မတဒူတာတေး သည် ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့စဉ် ကတည်းက နှစ်နိုင်ငံဆက်ဆံရေးတွင် စာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာသည်နှင့် အမျှ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးတွင် တည်ငြိမ်ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာပြီး နှစ်နိုင်ငံပြည်သူများအတွက် သိသာထင်ရှားသည့် အကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်ခဲ့ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များအတွက် ဖိလစ်ပိုင်နိုင်ငံအား ကူညီထောက်ပံ့မှုများ ကမ်းလှမ်းသွားရန် ဆန္ဒရှိပါကြောင်းနှင့် အမျိုးသားလုံခြုံရေးအတွက် ဖိလစ်ပိုင်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒူတာတေးက နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါပုံကို ထောက်ပြပြောဆိုရာ၌ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံအား စိတ်ရင်းမှန်ဖြင့် ပေါင်းသင်းတတ်သည့် သူငယ်ချင်းကောင်းအဖြစ် မှတ်ယူပါကြောင်း စီးပွားရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် တည်ငြိမ်မှုထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ အထောက်အပံ့များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.