Connect with us

Asia

တရုတ်နှင့် ချီလီတို့ နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ရေးထိုး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ချီလီနိုင်ငံ သမ္မတ Michelle Bachelet (ဝဲ) တို့၏ ရှေ့မှောက်၌(FTA) မြှင့်တင်ခြင်းဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက် အား နိုဝင်ဘာ ၁၁ ရက်က လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ချီလီနိုင်ငံ နှစ်နိုင်ငံ အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) မြှင့်တင်ခြင်းဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်ကို နိုဝင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ချီလီနိုင်ငံ သမ္မတ Michelle Bachelet တု့ိ၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရှီက ယင်းသဘောတူညီချက်သည် လက်တင်အမေရိကနိုင်ငံ တစ်နိုင်ငံ နှင့် တရုတ်နိုင်ငံ တို့အကြား ပထမဆုံးFTA မြှင့်တင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယင်းအဆင့်မြှင့်ထားသော သဘောတူညီချက်သည် တရုတ်နှင့် ချီလီနိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများအတွက် တွန်းအားသစ်တစ်ခုဖြစ်လာပြီး တရုတ်နိုင်ငံအနေဖြင့် အခြားသော လက်တင်အမေရိကနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နိုင်စေမည့် အခြေခံမူတစ်ခုကို ချမှတ်နိုင်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Bachelet က ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်ဆောင်ရွက်မှု တွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ရရှိပါစေကြောင်း ဆန္ဒပြုဆုတောင်ပေးခဲ့သည်။

ချီလီ-တရုတ် ဆက်ဆံရေးမှတစ်ဆင့် လက်တင်အမေရိက နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစပျိုးမှုများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ချီလီနိုင်ငံသည် ယင်း ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ်ဘက်အကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း Bachelet က ပြောကြားခဲ့သည်။

ချီလီနိုင်ငံသည် တရုတ်နိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးသည့် ပထမဆုံးသော လက်တင်အမေရိကနိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.