အန်ကာရာ၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ လွှတ်တော်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သုံးလ ထပ်မံသက်တမ်းတိုးရန် ဇန်နဝါရီလ ၃ ရက်က အတည်ပြုပေးခဲ့ကြောင်း Dogan သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ဟောင်ကောင်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ယနေ့(ဇန်နဝါရီလ ၃ ရက်) ဒေသစံတော်ချိန် ည ၉နာရီ ၅၂ မိနစ်တွင် ဖီဂျီနိုင်ငံ Nadi မြို့ အနောက်တောင်ပိုင်း ၂၂၇ ကီလိုမီတာအကွာ၌ ဗဟိုပြု၍ ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးက...
မနီလာ ၊ ဇန်နဝါရီလ ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုအား သေနတ်သမားတစ်ဦးက ဇန်နဝါရီလ ၄ ရက် နံနက်အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကျဉ်းသား ၁၅ဝ ဦးကျော် ထွက်ပြေးလွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။
နေပြည်တော်၊ ဇန်နဝါရီ ၄ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြု ကြရန်အထူးအရေးကြီးဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသိုပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အစိုးရသစ် လက်ထက် ပထမဆုံး ကျင်းပသည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ရန်ကုန်မြို့၌ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာ မဟာ ဗန္ဓုလ ပန်းခြံ၌ ယနေ့ဇန်နဝါရီ ၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အခြေအနေများကိုလေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစ ပြုလာလျှင် နောက်ထပ် ပြဿသနာအသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာလေ့ရှိသည်ကို သတိရှိရှိဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဒေါ်အာင်ဆန်းစုကြည်က ယနေ့ပြောကြားသည်။
နေပြည်တော်၊ ဇန်ဝါရီ ၃ ရက် (ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းကို သက် ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားပြီး ကြေညာ သွား မည်ဟု နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးတွင်...
ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ပြည်တွင်းငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထပ်မံ ညွှန်ကြားထားကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၃၉)မိနစ် (၀၀)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် (၂၉၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်...
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ(မူကြမ်း)၊ မြန်မာနိုင်ငံပြတိုက်များ ဥပဒေ(မူကြမ်း)နှင့် ဥပဒေမူကြမ်းများအား ဝိုင်းဝန်းအကြံပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။