Connect with us

Asia

သင်္ဘောတိုက်မှုဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော စင်ကာပူရေတပ်အခြေစိုက်စခန်းသို့ရောက်ရှိလာ


စင်ကာပူ ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော USS John S.McCain သည် ရေနံတင်သင်္ဘောတစ်စင်းနှင့် ခေါင်းချင်းဆိုင်တိုက်မိပြီးနောက် စင်ကာပူနိုင်ငံ၏ ချန်ဂီရေတပ်အခြေစိုက်စခန်းသို့သြဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာကြောင်း သိရသည်။ ၎င်းသင်္ဘောတိုက်မှုကြောင့် ဖျက်သင်္ဘောမှ သင်္ဘောသား ၁ဝ ဦး ပျောက်ဆုံးလျက်ရှိပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သင်္ဘောတိုက်မှုကြောင့် ဖျက်သင်္ဘော၏ကိုယ်ထည်၌ အပျက်အစီး အပေါက်တစ်ခုကို ဆိပ်ကမ်းမှပင်မြင်တွေ့ရကြောင်း နှင့် အခြားထိခိုက်ပျက်စီးမှုများစွာ လည်းရှိကြောင်း သိရသည်။

ဒဏ်ရာရသော သင်္ဘောသား ၄ ဦးကို ရဟတ်ယာဉ်ဖြင့် စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း နှင့်အခြားတစ်ဦးမှာမူ ဆေးကုသမှုခံယူရန် မလိုအပ်ကြောင်း သိရသည်။

မတော်တဆမှုဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော USS John S.McCain အားတွေ့ရစဉ်(ဆင်ဟွာ)

မတော်တဆမှုဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော USS John S.McCain အားတွေ့ရစဉ်(ဆင်ဟွာ)

မတော်တဆမှုဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော USS John S.McCain အားတွေ့ရစဉ်(ဆင်ဟွာ)

မတော်တဆမှုဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော USS John S.McCain အားတွေ့ရစဉ်(ဆင်ဟွာ)

မတော်တဆမှုဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော USS John S.McCain အားတွေ့ရစဉ်(ဆင်ဟွာ)

သင်္ဘောတိုက်မှုကြောင့် စင်ကာပူရေလက်ကြာ၌ ရေနံယိုဖိတ်မှု နှင့် ရေလမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေသည့် စင်ကာပူရေကြောင်း နှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(MPA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်ရေတပ်သင်္ဘောသည် ပုံမှန်ကင်းလှည့်ခရီးစဉ်တစ်ခုအဖြစ် စင်ကာပူနိုင်ငံသို့ဦးတည်ထွက်ခွာလာစဉ် လိုက်ဘေးရီးယားအလံလွှင့်ထူထားသော Alnic MC ရေနံတင်သင်္ဘော နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ ရေနံတင်သင်္ဘော၏ ပင်လယ်ရေမျက်နှာပြင်အထက် ၇ မီတာအကွာရှိ သင်္ဘောဦးပိုင်း နေရာကို တိုက်မိခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

USS John S.McCain ဖျက်သင်္ဘောသည် ပြီးခဲ့သော ၂ လအတွင်း မတော်တဆမှုဖြစ်ပွားခဲ့သော အမေရိကန်ရေတပ်မှ ဒုတိယမြောက် သင်္ဘောဖြစ်သည်။ ဇွန်လ လယ်ပိုင်းက ဂျပန်ကမ်းလွန်၌ အမေရိကန်ရေတပ်မှ USS Fitzgerald သည် အခြားသင်္ဘောတစ်စင်းနှင့် တိုက်မှုဖြစ်ပွားခဲ့ရာ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.