Connect with us

Asia

အိန္ဒိယတွင် ကုန်တင်ကားနှင့် ဗင်ကားတစ်စီးတိုက်မိခဲ့၍ လူ ၁၀ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်တွင် သြဂုတ် ၂၁ ရက်က ကုန်တင်ကားတစ်စီး နှင့် ဗင်ကားတစ်စီးတို့ တိုက်မိခဲ့ရာအနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး အခြားလူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ယင်းယာဉ်မတော်တဆမှုသည် အိုဒီရှာပြည်နယ် မြို့တော် Bhubaneswar မြို့ အနောက်မြောက်ဘက် ၂၇၄ကီလိုမီတာခန့် Sambalpur ခရိုင် Bhawanipali မြို့ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Sambalpur ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး က သြဂုတ် ၂၁ ရက်တွင် ကုန်တင်ကားတစ်စီး နှင့် ဗင်ကားတစ်စီး တိုက်မိခဲ့ပြီး လူ ၁၀ဦးသေဆုံးကာ လူ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူ ၂ဦးကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများတွင် အမျိုးသမီးများ နှင့် ကလေးတစ်ဦးပါဝင်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယာဉ်နှစ်စီးတိုက်မိမှုကြောင့် လူ ၄ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး အခြား ၆ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံ၌သေဆုံးသွားခဲ့ကြောင်း သတင်းများ၌ ဖော်ပြခဲ့သည်။

တာဝန်ရှိသူများ၏ပြောကြားချက်အရ သေဆုံးသွားသူများသည် Kalpeshwar ဘုရားကျောင်းမှ ပြန်လာခဲ့သူများဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆဖြစ်ပွားပြီးနောက် ကားမောင်းသူ သည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားခဲ့ပြီး ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

အိုဒီရှာ ဝန်ကြီးချုပ် Naveen Patnaik က ယင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူတစ်ဦးချင်းစီ၏ မိသားစုဝင်များအား နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃,၁၁၉ ဒေါ်လာ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ဆောင်ခြင်း၊ ကားလမ်းများ ပျက်စီးနေခြင်း နှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.