Connect with us

North America

နေကြတ်မှုကို ဝန်ထမ်းများ စောင့်ကြည့်ကြသဖြင့် အမေရိကန်ကုမ္ပဏီများ ဒေါ်လာ သန်း ၇ဝဝ ခန့်ဆုံးရှုံးမှုဖြစ်ပေါ်


ဝါရှင်တန် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ သြဂုတ်လ ၂၁ ရက်တွင် ရာစုနှစ်အတွင်း တစ်ကြိမ်သာဖြစ်ပေါ်သော နေကြတ်မှုမြင်ကွင်းအား လုပ်ငန်းခွင်များထဲမှ အလုပ်သမားများက စောင့်ကြည့်ကြသဖြင့် ကုမ္ပဏီများအနေဖြင့် အနည်းဆုံး ထုတ်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉၄ သန်းခန့်ဆုံးရှုံးနစ်နာခဲ့ရကြောင်း သိရသည်။

ရုံးဖွင့်ရက်အတွင်း နေကြတ်မှုကို စောင့်ကြည့်ရန်အတွက် ဝန်ထမ်းများအနေဖြင့် အနည်းဆုံး အချိန် မိနစ်၂ဝ ခန့်ယူခဲ့ရကြောင်း Gray & Christmas အမေရိကန်အလုပ်အကိုင်ရှာဖွေရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Andy Challenger က ခန့်မှန်းပြောကြားခဲ့သည်။

ကြီးကျယ်ခန်းနားသော အမေရိကန် နေကြတ်မှုဟု တင်စားထားသည့် ဖြစ်တောင့်ဖြစ်ခဲ နေကြတ်မှုမြင်ကွင်းကို တစ်နိုင်ငံလုံးက လေ့လာစောင့်ကြည့်ခဲ့ကြပြီး ၎င်းနေကြတ်မှုမြင်ကွင်းကို အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ် ၁၄ ခုတွင် မြင်တွေ့ခဲ့ရသည်။

အမေရိကန်နိုင်ငံ၌ နေကြတ်မှုကို ကြည့်ရှု နေကြစဉ်(ဆင်ဟွာ)

“ အပြင်မထွက်တဲ့ လူအချို့လောက်ပဲ သူတို့ရဲ့ ဦးခေါင်းထက်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့မြင်ကွင်းကို မြင်တွေ့ခွင့် မရကြတာပါ ” ဟု Challenger က ပြောကြားခဲ့ပြီး နေကြတ်ခြင်းကို အမေရိကန်နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီဝန်ထမ်းပေါင်း ၈၇ သန်းက စောင့်ကြည့်ခဲ့ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ နေကြတ်မှုမြင်ကွင်းစောင့်ကြည့်ခြင်းကြောင့် လုပ်အား လေလွင့်မှုဖြစ်ပေါ်ခဲ့ရသည့် ကိန်းဂဏန်းခန့်မှန်းချက်ကို အလုပ်သမားသန်းခေါင်စာရင်းဗျူရိုဌာန၏ တစ်နာရီလုပ်အား နှင့် လုပ်ခပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။

“ တစ်နှစ်ပတ်လုံး အလုပ်သမားတွေကို ပေးရတဲ့ လစာနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကိုနည်းပါးတဲ့ ငွေကြေးပမာဏတစ်ခုပါ။ ဘယ် မက်ခရိုစီးပွားရေးအချက်အလက် ပုံစံမျိုးမှာ မဆို ဖော်ပြဖို့မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.