Connect with us

Asia

ဂျပန်နိုင်ငံ၌ လူနေအိမ်ခန်းမီးလောင်မှုဖြစ်ပွား ၃ ဦးသေ ၊ ၂ ဦး ပျောက်ဆုံးနေ

ဂျပန်နိုင်ငံ ယိုကိုတီမြို့ ၌ လူနေတိုက်ခန်း မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံမြောက်ပိုင်း အကီတ (Akita)စီရင်စု ရှိ လူနေအဆောက်အအုံတစ်လုံး၌ ယနေ့(သြဂုတ်လ ၂၂ရက်) နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၂ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသဆိုင်ရာ မီးသတ် နှင့် ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

ယိုကိုတီမြို့(Yokote)ရှိ အိမ်ခန်းပေါင်း ၂၅ ခန်းရှိသော လူနေအဆောက်အအုံတစ်လုံးသည် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

မီးလောင်ကျွမ်းနေစဉ်အတွင်း အဆောက်အအုံအတွင်းမှ လူပေါင်း ၂ဝ ဦးကို မီးသတ်သမားများက ချိတ်ဆက်ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက် အသက် ၄၀ မှ ၆ဝ ကြားရှိ လူပေါင်း ၁ဝ ဦးမှာ ထိခိုက်ဒဏ်ရာရထားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။

မီးလောင်မှုနေရာ၌ ရုပ်အလောင်း ၂ ခုကို မီးသတ် နှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း နှင့် အခြားအမျိုးသားတစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

မီးလောင်ကျွမ်းနေသော အဆောက်အအုံကို ၅ နာရီကြာငြှိမ်းသတ်ပြီးနောက် မီးငြိမ်းသွားပြီဖြစ်ကြောင်း နှင့် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာသည် JR ယိုကိုတီဘူတာရုံမှ ၁ ကီလိုမီတာအကွာ၌ တည်ရှိကြောင်း မီးသတ်သမားများက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.