ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် IS စစ်သွေးကြွအုပ်စုအားတိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ရန် ဆီးရီးယားနိုင်ငံ သို့ အမေရိကန်တပ်သား ၂၀၀ခန့် ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဒီဇင်ဘာ ၁၀ရက် တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
မနီလာ၊ဒီဇင်ဘာ၁၁ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အစိုးရတပ်ဖွဲ့ဝင်များနှင့် အဘူဆေးယက်ဖ်သူပုန်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ စစ်သား အနည်းဆုံး ၃ ဦးကျဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၁ ရက်တွင်ပြောကြားသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အလယ်ပိုင်းတွင် ဒီဇင်ဘာ ၁၀ရက် ညက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၇ဦး နှင့် ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၆၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပိုင်းတာဝန်ရှိသူများ က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ မြန်မာ့ပင်လယ်ပြင်၌ ငါးသလောက် ငါးဖမ်းဆီးရရှိမှုမှာ ယခင်နှစ်ကထက်များပြား ခဲ့ကြောင်း၊ ကမ်းရိုးတန်းဒေသရှိတိုင်းဒေသကြီး/ပြည်နယ်များ ဖြစ်သော ရခိုင်ပြည်နယ်၌ ပိဿာချိန် ၂၂,၅ဝဝဝ ခန့်၊ ဧရာဝတီ တိုင်းဒေသကြီး၌ ပိဿာချိန် ၇၃ဝ,ဝဝဝ ခန့်၊ ရန်ကုန်တိုင်း ဒေသကြီး၌...
စီချွမ်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂြိုဟ်ပတ်လမ်းအတွင်းရှိ မိုးလေဝသစောင့်ကြည့်ရေး ဂြိုဟ်တုများအား အဆင့်မြှင့်တင်မှုတစ်ရပ် အနေဖြင့် ဒီဇင်ဘာ ၁၁ရက် ဒေသစံတော်ချိန် နံနက် ၁၂း၁၁နာရီ တွင် မိုးလေဝသ စောင့်ကြည့်ရေး ဂြိုဟ်တုတစ်ခုအား လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) Let’s go to China အစီအစဉ် အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အပါအဝင် ၁၅ ရက် ကြာသွားရောက်ရိုက်ကူးမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍...
ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အစိုးရက တရားဝင် သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှု စာရင်းဝင် ပြည်သူ ၇ သန်းနီးပါးသည် နိုင်ငံ တစ်ဝန်းရှိ အစိုးရ ဘဏ်များမှ ပေကမ်း စွန့်ကြဲငွေများ ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိတန်ခိုးကြီးဘုရားများနှင့် နိုင်ငံခြားသားများ အသွားများသည့် နေရာများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လာမည့်နှစ်တွင် CCTV ကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သြစတြီးယား၊ ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံ Viennaမြို့ရှိ Schonbrunn တိရစ္ဆာန်ရုံတွင် ဒီဇင်ဘာ ၉ရက်က လုံဟွေအမည်ရှိ အသက် ၁၆နှစ်အရွယ် ပန်ဒါတစ်ကောင်အား အရေးပေါ်ဆေးကုသမှုပြုလုပ်နေစဉ် သေဆုံးခဲ့ကြောင်း တိရစ္ဆာန်ရုံကပြောကြားခဲ့သည်။