Connect with us

CHINA

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းကူညီပံ့ပိုးပေး

ကူမင်း၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက 《တရုတ်-မြန်မာ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်》 အကောင်အထည်ဖော်ဆောင်ရွက်ရေးစနစ်လမ်းကြောင်းကို အတည်ပြုပေးခဲ့ရာ တရုတ်နိုင်ငံနှင့်ဆက်စပ်လျက်ရှိသည့် မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်သို့ ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းကူညီပံ့ပိုးပေးသည့် အခမ်းအနားကို ယူနန်ပြည်နယ် ထိန်းချုံးမြို့ ဟိုချောင်ဂိတ်တွင် ဩဂုတ် ၂၇ ရက်က ကျင်းပခဲ့သည်။အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ ကူညီပံ့ပိုးပေးသည့် တရုတ်ယွမ်ငွေ (၁.၅၅၅)သန်း တန်ဖိုးရှိ ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ပထမအသုတ်အား ဟိုချောင်ဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ ကူညီပံ့ပိုးပေးသည့် တရုတ်ယွမ်ငွေ(၁.၅၅၅)သန်း တန်ဖိုးရှိ ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ပထမအသုတ်အား ဟိုချောင်ဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးနေသည်ကို ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်းများတွင် Medical mask၊ Surgical mask၊ Medical protective clothing၊ Antibacterial hand gel၊ Thermal infrared scanner၊ Portable oxygen generatorစသည်တို့ ပါဝင်ကြောင်း သိရသည်။ ယင်း ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးမှတစ်ဆင့် လွှဲပြောင်းပေးခြင်းဖြစ်ပြီး ကူမင်းအခြေစိုက် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ လက်ခံရယူခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ ကူညီပံ့ပိုးပေးသည့် တရုတ်ယွမ်ငွေ(၁.၅၅၅)သန်း တန်ဖိုးရှိ ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ပထမအသုတ်အား ဟိုချောင်ဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးနေသည်ကို ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အခုလှူဒါန်းတဲ့ ရောဂါထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းတွေက ကိုဗစ်ကူးစက်ရောဂါကို တိုက်ဖျက်ရာမှာ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်”ဟု ဦးသော်တာအောင်က ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနှင့် ကြုံတွေ့နေသဖြင့် ကူညီကယ်ဆယ်ကုသရေးနှင့် ရောဂါကာကွယ်တားဆီးရေးအထောက်အပံ့ပစ္စည်းများ လိုအပ်နေချိန်ဖြစ်ရာ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် နှစ်နိုင်ငံအိမ်နီးချင်းမိတ်ဖက်ချစ်ကြည်ရေး၏ အနှစ်သာရဖြစ်ကြောင်း ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်》 အကောင်အထည်ဖော်ဆောင်ရွက်ရေးစနစ်လမ်းကြောင်းမှ မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ ရောဂါထိန်းချုပ်ကုသရေးဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်ပေးအပ်ပွဲအခမ်းအနားအား ဩဂုတ် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့်ဆက်စပ်လျက်ရှိရာ ထိုမတိုင်ကပင် ကပ်ရောဂါထိန်းချုပ်တိုက်ဖျက်ရေးကဏ္ဍတွင် ဆေးဘက်ဆိုင်ရာပစ္စည်း၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများစေလွှတ်ကူညီပံ့ပိုးခဲ့ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ ကူညီပံ့ပိုးပေးသည့် တရုတ်ယွမ်ငွေ(၁.၅၅၅)သန်း တန်ဖိုးရှိ ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ပထမအသုတ်အား ဟိုချောင်ဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးနေသည်ကို ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ ကူညီပံ့ပိုးပေးသည့် တရုတ်ယွမ်ငွေ(၁.၅၅၅)သန်း တန်ဖိုးရှိ ရောဂါထိန်းချုပ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ပထမအသုတ်အား ဟိုချောင်ဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးနေသည်ကို ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်တောတောင်ရေမြေချင်းဆက်စပ်နေသည့် အိမ်နီးချင်းဖြစ်ရာ ရောဂါထိန်းချုပ်ကုသရေး အထောက်အပံ့ပစ္စည်းများ ပံ့ပိုး ကူညီခြင်းသည် မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသ ကပ်ရောဂါ စောလျဉ်းစွာ ထိန်းချုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း ယူနန်ပြည်နယ်ပြည်သူအစိုးရ နိုင်ငံခြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဝမ်ဝေက ဆိုသည်။ (Xinhua)#China, #Myanmar, #COVID-19, #Yunnan, #xinhua, #xinhuamyanmar, #တရုတ်, #မြန်မာ, #ကိုဗစ်-၁၉, #ကပ်ရောဂါတိုက်ဖျက်ရေး, #ဆင်ဟွာ

———————————————–
(English Version)

中国向缅甸捐赠防疫物资助缅抗疫

新华社昆明8月27日电(记者姚兵 曾维)8月27日,中国外交部通过《中缅边境管理与合作协定》执行机制渠道,向缅甸与中国毗邻的克钦邦、掸邦提供抗疫物资援助的捐赠仪式在云南省腾冲市猴桥口岸举行。仪式结束后,第一批对克钦邦的援助抗疫物资从猴桥口岸送出,价值155.5万元。

据了解,这批防疫物资包括医用防护口罩、医用外科口罩、医用一次性防护服、免洗手消毒凝胶、热红外扫描仪、医用便携式制氧机等。上述物资由中国外交部委托云南省人民政府外事办公室转交,缅甸驻昆明总领事多达昂接受物资捐赠。

“这次中方向我们捐赠的抗疫物资,将会在缅甸抗疫过程中发挥积极作用。”多达昂说,当前缅甸正经历第三波疫情,正当我们急需医疗救助和防疫物资时,中方向我们伸出了援手,这有力地证明中缅两国是好邻居、好伙伴。

多达昂说,中国云南省紧邻缅甸,此前在疫情防控方面给予了缅甸许多支持和帮助,包括捐赠医疗物资,派出医护人员,深深地体现了中缅胞波情谊。
云南省人民政府外事办公室副主任王伟说,中国作为与缅甸山水相连的近邻,此次给缅方提供的防疫物资,主要是为了协助缅北边境地区早日把疫情防控住。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.