Economy
ယခု ဘဏ္ဍာနှစ် ၄ လတာ ကာလ အတွင်း ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁၃၈၄.၉၄ သန်း ဖြစ်ပေါ်

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၅၅၅.၉၄ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၃၈၄.၉၄ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာ အရ သိရသည်။
ဧပြီလမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅၈၅ .၅ဝ သန်းဖြစ်ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၉၇ဝ . ၄၄ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၈၅၅၅. ၉၄ သန်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဇူလိုင်လအတွက် မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၈၈၄. ၄၆ သန်းဖြစ်ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၁၉၂. ၅၃ သန်းဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂ဝ၇၆. ၉၉ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃ဝ၈. ဝ၇ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)