Connect with us

Economy

မြန်မာ နိုင်ငံ ၌ ပရဟိတ လူမှုကူညီရေး ဆောင်ရွက်ရန် အတွက် ပရဟိတ ရန်ပုံငွေ တစ်ရပ်အား ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း မှ အသင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် တည်ထောင်

မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း က မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ ပရဟိတ ရန်ပုံငွေ တစ်ရပ်အား မတည်ငွေ ကျပ် သိန်း ၂၀၀ ဖြင့် တည်ထောင် စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနား တွင် မြန်မာ နိုင်ငံ ၌ ပရဟိတ လူမှု ကူညီရေး ဆောင်ရွက်ရန် အတွက် မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သယ်ကြီးများ အသင်း မှ မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ ပရဟိတ ရန်ပုံငွေ တစ်ရပ်အား မတည်ငွေ ကျပ် သိန်း ၂၀၀ ဖြင့် တည်ထောင် ခဲ့ပါသည်။

အခမ်းအနား သို့ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ၊ ကျဲ့ကျန်းပြည်နယ် ပြည်ပ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး နှင့် အခြား ကုန်သည်ကြီး အသင်းအဖွဲ့ ကိုယ်စားလှယ်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။

မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Mr.Tu Guoding က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ကျဲ့ကျန်းပြည်နယ် ပြည်ပ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ Mr.Zhang Runsheng က မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxiang က မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ (Wu Jiyuan) က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

အာဆီယံ ကျဲ့ကျန်း ကုန်သည်ကြီးများ ကိုယ်စားလှယ် ၊ ကမ္ဘောဒီးယား ကျဲ့ကျန်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr.Shi Yongping က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား စုပေါင်း ဓာတ်ပုံ ရိုက်စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)
မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Mr.Tu Guoding မှ အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ ကျဲ့ကျန်း ကုန်သည်ကြီးများ အသင်းကို ပြီးခဲ့သည့် နှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး လက်ရှိချိန်တွင် အဖွဲ့ဝင် ၁၅၀ ဦးခန့်ရှိကြောင်း ၊ ပြီးခဲ့သည့် တစ်နှစ်တာ ကာလ အတွင်း အသင်း အနေဖြင့် မြန်မာ နိုင်ငံ တွင်းရှိ ပရဟိတ လူမှု ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍တွင် မြန်မာ နိုင်ငံ လူမှု ကူညီရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်သွားရန် အတွက် ယနေ့တွင် မြန်မာ နိုင်ငံ ကျဲ့ကျန်း ပရဟိတ ရန်ပုံငွေ တစ်ရပ်ကို မတည်ငွေ ကျပ်သိန်း ၂၀၀ ဖြင့်တည်ထောင်သွားမည် ဖြစ်ကြောင်း ၊ အဖွဲ့ဝင် ကုန်သည်များ အနေဖြင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် မိမိတို့ တတ်နိုင်သည့် အင်အားများ ပေးဆပ်ဆောင်ရွက်သွားရန် ပြောကြား ခဲ့ပါသည်။
ထို့နောက်တွင် ကျဲ့ကျန်းပြည်နယ် ပြည်ပ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ Mr.Zhang Runsheng ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxiang ၊ မြန်မာ နိုင်ငံ တရုတ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ (Wu Jiyuan)နှင့် အာဆီယံ ကျဲ့ကျန်း ကုန်သည်ကြီးများ ကိုယ်စားလှယ် ၊ ကမ္ဘောဒီးယား ကျဲ့ကျန်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr.Shi Yongping တို့မှ အသီးသီး တို့မှ မိန့်ခွန်း ပြောကြား ခဲ့ကြပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး Mr.Xie Guoxiang မှ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ကုန်သွယ်မှု ပူးပေါင်းဖလှယ်ခြင်း တိုးမြှင့် ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို နက်ရှိုင်း စေရန်အတွက် ဆောင်ရွက်သွားကြရန်ကို အထူးပြောကြား ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.