Connect with us

Politics

တရုတ်နိုင်ငံဘက်တွင် ဗုံးကျ ပြီးနောက် တရုတ်တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို တရုတ်-မြန်မာနယ်စပ်တွင် ကင်းလှည့်ရန် စေလွှတ်ထား

တရုတ် စစ်လေယာဉ်များ စစ်ရေး လေ့ကျင့်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကိုးကန့် တိုက်ပွဲအတွင်း မြန်မာ့ တပ်မတော်လေယာဉ်မှ ဗုံးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်သို့ ကျရောက်ပြီးနောက် တရုတ်နိုင်ငံ လေတပ်မှ တိုက်ခိုက်ရေး လေယာဉ်များအား တရုတ်-မြန်မာ နယ်စပ်တွင် ကင်းလှည့်ရန် စေလွှတ်ထားကြောင်း တရုတ်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက မတ်လ (၁၄) ရက်တွင် ပြောကြားသည်။

တရုတ်နယ်စပ် နှင့် နီးကပ်စွာ ပျံသန်းလာသော မြန်မာ စစ်လေယာဉ်များကို လေယာဉ်လမ်းကြောင်း စောင့်ကြည့် သတိပေးခြင်းများ ပြုလုပ်ရန် တရုတ်နိုင်ငံ ပြည်သူ့တပ်မတော် လေတပ်မှ တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို မတ်လ (၁၃) ရက်တွင် စေလွှတ်ထားကြောင်း လေတပ် ပြောရေးဆိုခွင့်ရှိသူ Shen Jinke က ပြောသည်။

“နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လေပိုင်နက်ကို ကာကွယ်ရန်အတွက် လေတပ်အနေဖြင့် တရုတ်-မြန်မာ နယ်စပ်တွင် တုန့်ပြန်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။

မတ်လ (၁၃) ရက် နေ့လည်တွင် မြန်မာဘက်မှ ပစ်ခတ်သည့် ဗုံးသည် တရုတ်နိုင်ငံ လင်းချန်းမြို့(Lincang) ၏ ကြံခင်းကို ကျရောက်ကာ အလုပ်လုပ်နေသည့် လုပ်သား (၄) ဦး သေဆုံးပြီး (၉) ဦးဒဏ်ရာရရှိခဲ့သည်။ ထိုအရေးကိစ္စနှင့် ပတ်သက်ပြီး ယင်းနေ့ညပိုင်းတွင် တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျိုကျန့်မင် (Liu Zhenmin) သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို ပေကျင်း၌ ခေါ်ယူ တွေ့ဆုံပြီး ဤကိစ္စနှင့် ပတ်သက်၍ အလေးအနက် အသိပေးပြောကြားခဲ့သည်။

ယခုတစ်ပတ် အစောပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ခိုက်မှုတွင် ပစ်ခတ်မှုတချို့ တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသောကြောင့် အိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးမှ ပြောကြားခဲ့သည်။

ဗုံးကျရောက်သည့် ကိစ္စအပေါ် Liu အနေဖြင့် ရှုပ်ချကြောင်း ပြောဆိုခဲ့သည်။ မြန်မာ အစိုးရဘက်ကိုလည်း တရုတ်နိုင်ငံထဲသို့ ဗုံးကျသည့် ကိစ္စရပ်အပေါ် အသေးစိတ် စုံစမ်း စစ်ဆေးမှုများ သေချာစွာ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

ယခုဖြစ်ရပ်ကို ကျူးလွန်ခဲ့သူအား မြန်မာအစိုးရ အနေဖြင့် သင့်တော်သည့် ပြစ်ဒဏ်ပေးရန် တိုက်တွန်းခဲ့ပြီး တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ကာကွယ်ရန် ယခုလိုဖြစ်ရပ်များ ထပ်မဖြစ်စေဖို့ရန်လည်း Liu က တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)