Connect with us

Politics

တရုတ် နိုင်ငံ သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ

တရုတ် နိုင်ငံ သမ္မတ နှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံ ခဲ့ကြကြောင်း သိရသည်။

တရုတ် နိုင်ငံ သမ္မတ နှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမကြီးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ် နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်သည် ဇွန်လ ၁၀ ရက်နေ့ မှ ၁၄ ရက် နေ့အထိ ၅ ရက်ကြာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)