Connect with us

Politics

တရုတ်နိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့်(CPPCC) ဒုတိယ ဥက္ကဌ ဝမ်ကျားရွေ့ နှင့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

တရုတ်နိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့်(CPPCC) ဒုတိယ ဥက္ကဌ ဝမ်ကျားရွေ့ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပုံ

ပေကျင်း ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဇွန်လ ၁၀ ရက်နေ့ တွင် ပေကျင်းမြို့၌ တရုတ်နိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင် ခံ ကွန်ဖရန့် (CPPCC) ဒုတိယ ဥက္ကဌ နှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဝန်ကြီး ဝမ်ကျားရွေ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလယ် အဖွဲ့ကို ဇွန်လ ၁၀ ရက်နေ့က ပေကျင်း မြို့၌ လက်ခံတွေ့ဆုံခဲ့သည်။ တရုတ် ကွန်မြူနစ် ပါတီ နှင့် NLD နှစ်ပါတီ ဆက်ဆံရေး တိုးမြှင့်ရေး အစရှိသော ကိစ္စ များကို အမြင်ချင်းဖလှယ် ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၀ ရက်နေ့ နံနက် တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သို့သွားရောက် လည်ပတ်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ သွားခဲ့သည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တွင် NLD ဥက္ကဌရုံး တာဝန်ခံ ဒေါက်တာ တင်မာအောင် နှင့် ပြည်သူ့လွှတ်တော် အမတ်များ ဖြစ်သည့် ဦးဇေယျာသော် နှင့် ဦးဖြိုးမင်းသိန်း တို့ ပါဝင်သည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ် ကွန်မြူနစ် ပါတီ ဖိတ်ကြားချက်အရ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သို့ သွားရောက် လည်ပတ် ကြည်ရှု နေသည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.