Connect with us

Politics

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် အလွတ်သဘော အစည်းအဝေး ကျင်းပ အရေးပါသည့် သဘောတူညီချက် ၃ ချက် ရရှိ

စက်တင်ဘာ ၂၇ ရက် တွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် အလွတ်သဘော အစည်းအဝေး ကျင်းပ နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ၊ မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mahmood Ali တို့က စက်တင်ဘာ ၂၇ ရက် တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် ၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဖိတ်ကြားချက် အရ အစည်းအဝေး ကို တက်ရောက် ခဲ့သည်။

အစည်းအဝေး တွင် ဝမ်ရိ က ယခုနှစ် ဇွန်လပိုင်းတွင် မိမိ နှင့် ယခု အစည်းအဝေး တက်ရောက် ခဲ့ကြသည့် ဝန်ကြီး ၂ ဦး တို့မှ ပေကျင်း မြို့ တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ရခိုင်အရေး အဆင်ပြေ ကောင်းမွန်စွာ ဖြေရှင်းရန် အတွက် လုပ်ထုံးလုပ်နည်း မူစည်းကမ်း သဘောတူညီချက် ၄ ရပ် ရရှိခဲ့ကြောင်း ၊ ရခိုင်အရေး က ရှုပ်ထွေးသော သမိုင်းဖြစ်စဉ် မှ ကျန်ရစ် ခဲ့သည့် ပြဿနာ တစ်ရပ်ဖြစ်ပြီး ယင်းကိစ္စရပ် အား ကောင်းမွန်စွာ ဖြေရှင်းနိုင်ပါကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဘုံအကျိုးစီးပွား နှင့် ကိုက်ညီမှု ရှိသည့် အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအတွက် လည်း အကျိုးရှိကြောင်း ၊ ရခိုင်အရေး သည် အဓိက အားဖြင့် မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ကိစ္စရပ် တစ်ခု ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် ယင်း ကိစ္စရပ် အား ရှုပ်ထွေးစေခြင်း ၊ ချဲ့ထွင်ခြင်း နှင့် နိုင်ငံတကာ ကိစ္စရပ် အဖြစ် ဆောင်ရွက်ခြင်း တို့အား သဘောမတူကြောင်း ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အနေဖြင့် ချစ်ခင်ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ပြီး အခက်အခဲများကို ကျော်ဖြတ်ကာ အတူတကွ ဖြေရှင်းမှု နည်းလမ်းမကို ရှာဖွေသွားစေလိုကြောင်း ၊ လက်ရှိ အရေးပေါ်ဆောင်ရွက်ရမည့် အချက်မှာ ပဋိပက္ခကြောင့် ထွက်ပြေးသူများ ပထမ အသုတ် အနေဖြင့် ပြန်လည်စေလွှတ်ခြင်း ကို အကောင်အထည် ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့၏ ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှု အတွက် ပလက်ဖောင်း အဖြစ် ဆက်လက် ဆောင်ရွက်ပေးလိုပြီး ပဋိပက္ခကြောင့် ထွက်ပြေးသူများ နေရပ် ပြန်လည် နေရာချထားရေး တို့တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဆက်လက် ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ကုလသမဂ္ဂ စသည့် အဖွဲ့အစည်း များကလည်း ရခိုင်အရေး နှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်ပြီး တရုတ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ နှင့် အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့မှ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း အပေါ် ချီးမွမ်းကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး အား ချစ်ခင်ရင်းနှီးစွာ ၊ ပွင့်လင်းစွာ နှင့် အပြုသဘောဆောင်သည့် ပတ်ဝန်းကျင် အောက်တွင် ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး အရေးပါသည့် သဘောတူညီချက် ၃ ချက် ကို ရရှိနိုင်ခဲ့သည်။ ပထမ အချက် မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အနေဖြင့် ချစ်ခင်ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်မှု အောက်တွင် ရခိုင်အရေးအား ကောင်းမွန်စွာ ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်။ ဒုတိယ အချက် မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် ပဋိပက္ခကြောင့် ထွက်ပြေးသူများ ပထမ အသုတ် စေလွတ်ရန် အတွက် ပြင်ဆင်ပြီး ကာ မြန်မာ နိုင်ငံ မှလည်း ပြန်လည် လက်ခံရန် အတွက် ပြင်ဆင်ပြီးကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ တတိယ အချက် မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အနေဖြင့် ပူးတွဲလုပ်ငန်းဆောင်ရွက်မှု အစည်းအဝေး အမြန်ဆုံးကျင်းပရန် သဘောတူညီခဲ့ကြပြီး ပြန်လည်စေလွတ်မည့် လမ်းကြောင်း နှင့် အချိန်အား သတ်မှတ်ကာ ပြန်လည်စေလွှတ်ခြင်းအား အမြန်ဆုံး အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.