Connect with us

Politics

တရုတ် နိုင်ငံ အစိုးရ က ယွမ်ငွေ(RMB) သန်း ၂၀၀(မြန်မာ ကျပ်ငွေ ၄၇ ဘီလီယံ) ခန့် အသုံးပြု၍ သဗ္ဗညုဘုရား အား ပြုပြင်ထိန်းသိမ်းပေးမည်

ပုဂံ ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပုဂံဒေသ ရှိ သဗ္ဗညုဘုရား ပြန်လည် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအခမ်းအနား ကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း အချိန် တွင် သဗ္ဗညုဘုရား ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ က ယွမ်ငွေ(RMB) သန်း ၂၀၀ (မြန်မာ ကျပ်ငွေ ၄၇ ဘီလီယံ) ခန့် အသုံးပြု၍ သဗ္ဗညုဘုရား အား နှစ်နိုင်ငံ ပညာရှင်များ ပူးပေါင်းကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို နှင့် မြန်မာ နိုင်ငံ အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ စီးပွားရေး သံမှူး ရှဲကော်ရှန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင် ကို က အမှာစကား ပြောကြားရာတွင် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက် ၌ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံဒေသရှိ စေတီပုထိုး ၄၀၀ ခန့် ပျက်စီး ခဲ့ရကြောင်း ၊ ယခု တရုတ် နိုင်ငံ မှ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ပေးမည့် သဗ္ဗညုဘုရား သည်လည်း ၂၀၁၆ ခုနှစ် တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီး ခဲ့ရသည့် စေတီပုထိုး များ အနက် တစ်ဆူ ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ က ယဉ်ကျေးမှု အမွေအနှစ်များစွာ တည်ရှိသည့် နိုင်ငံများ ဖြစ်ကြပြီး ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းရန် အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားလိုကြောင်း ၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ က ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း အတွက် များစွာ အရေးပါကြောင်း ၊ တရုတ် နိုင်ငံ က သဗ္ဗညုဘုရား အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးခြင်း သည် နှစ်နိုင်ငံ အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှု အတွက် ဥပမာကောင်း တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ ပညာရှင်များ ပူးပေါင်း၍ သဗ္ဗညုဘုရား အား ရှေးမူမပျက် ပြန်လည် ပြုပြင်ထိန်းသိမ်း နိုင်မည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကူညီဆောင်ရွက်မှု အပေါ် မြန်မာ နိုင်ငံကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး ယင်းဆောင်ရွက်မှု မှ တစ်ဆင့် နှစ်နိုင်ငံ အကြားချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု ကို အဓွန့်ရှည် တိုးတက် စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား သဗ္ဗညုဘုရား ပြန်လည် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ပြုပြင်ထိန်းသိမ်းပေးမည့် မြန်မာ နိုင်ငံ ပုဂံဒေသ ရှိ သဗ္ဗညုဘုရား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင် ကို က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တို့ မှ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှု အခြေအနေ နှင့် ပတ်သက်၍ လှည့်လည်ကြည့်ရှုနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တို့ မှ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှု အခြေအနေ နှင့် ပတ်သက်၍ လှည့်လည်ကြည့်ရှုနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ပြုပြင်ထိန်းသိမ်းပေးမည့် မြန်မာ နိုင်ငံ ပုဂံဒေသ ရှိ သဗ္ဗညုဘုရား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အမှာစကား ပြောကြားရာတွင် ပုဂံ ဒေသ သည် မြန်မာ နိုင်ငံ ပြည်သူလူထု တို့ လွန်စွာ အလေးထားသည့် ဒေသ တစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံ အား ကိုယ်စားပြုသည့် ဒေသ တစ်ခုလည်း ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ က သမိုင်းစဉ်ဆက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ဆက်ဆံရေး တည်ရှိသည့် နိုင်ငံ များ ဖြစ်ကြပြီး မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ အလေးအမြတ်ထားသည့် သဗ္ဗညု ဘုရား အား တရုတ် နိုင်ငံ မှ ပြုပြင်ထိန်းသိမ်းပေးမည် ဖြစ်သောကြောင့် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ မှ ဆောင်ရွက်ပေးခဲ့သည့် ကူညီဆောင်ရွက်မှုသည် လွန်စွာ ကုသိုလ် ရရှိမည့် ကူညီဆောင်ရွက်မှု တစ်ရပ်ဖြစ်ပြီး ယခု ကဲ့သို့ ကူညီဆောင်ရွက်မှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု များအတွက် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အမှာစကား ပြောကြားရာတွင် သဗ္ဗညုဘုရား သည် အရေးပါသည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနစ် တစ်ခု ဖြစ်ပြီး ပုဂံ ဒေသ ရှိ အကြီးဆုံးသော စေတီ တစ်ခု အပါအဝင် ဖြစ်ကြောင်း ၊ ၂၀၁၆ ခုနှစ် တွင် ပုဂံ ဒေသ ၌ ငလျင် ဖြစ်ပွား ချိန်တွင် တရုတ် နိုင်ငံ အစိုးရ မှ ဦးစွာ စေတီပုထိုးများ ပြုပြင်ထိန်းသိန်းရန် အတွက် အမေရိကန် ဒေါ်လာ တစ်သန်း အား ပေးအပ်လှူဒါန်း ခဲ့ကြောင်း ၊ ၂၀၁၇ ခုနှစ် မေလ ၌ ပေကျင်းမြို့တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့၏ ရှေ့မှောက် တွင် နှစ်နိုင်ငံ အကြား ပုဂံဒေသ ငလျင် ဖြစ်ပွားပြီးနောက် ရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း ၊ ယနေ့ချုပ်ဆိုမည့် နားလည်မှု စာချွန်လွှာ အရ တရုတ် နိုင်ငံ မှ ပညာရှင်များ က မြန်မာ နိုင်ငံ ပညာရှင်များနှင့် ပူးပေါင်း၍ တရုတ်ယွမ်ငွေ သန်း ၂၀၀ (မြန်မာ ကျပ်ငွေ ၄၇ ဘီလီယံ) ခန့် အသုံးပြုကာ သဗ္ဗညုဘုရား အား ပြုပြင် ထိန်းသိမ်းပေးသွားမည် ဖြစ်ကြောင်း ၊ ယခု ကဲ့သို့ ကူညီဆောင်ရွက်မှု က တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှု အတွက် အရေးပါသည့် အောင်မြင်မှု တစ်ခု ဖြစ်စေမည် ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ၏ အမှတ်သင်္ကေတ အသစ် တစ်ခု လည်း ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ တို့ က သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနား တက်ရောက် ခဲ့ကြသည့် တာဝန်ရှိ ပုဂ္ဂိုလ် များက သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှု အခြေအနေ နှင့် ပတ်သက်၍ လှည့်လှည်ကည့်ရှုခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.