Connect with us

Politics

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ ၂၀၁၉ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ် ဆုတောင်း စကား ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ အမှတ်အသားအား တွေ့ ရစဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူများ ၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ ၊ တရုတ် ကုမ္ပဏီ ဝန်ထမ်းများ ၊တရုတ်နိုင်ငံမှ ပညာတော်သင် ကျောင်းသားကျောင်းသူများ နှင့် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက် ရှိသည့် နှစ်နိုင်ငံ နယ်ပယ် အသီးသီးမှ မိတ်ဆွေ များကို ယနေ့ ၂၀၁၉ ခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့လှိုက်လှဲစွာ နှစ်သစ် ဆုမွန်ကောင်းတောင်း စကား ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်ကို ပြန်ပြောင်း သုံးသပ်ကြည့်ပါက တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်လျက် ရှိကြောင်း ၊ နှစ်နိုင်ငံမှ “Belt and Road” အဆိုပြုချက် နှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ အတူတကွ တည်ဆောက်ရေးတွင် တိုးတက်မှု အသစ်များ ရရှိခဲ့ကြောင်း ၊ နှစ်ဦးနှစ်ဖက်မှ နယ်ပယ်အသီးသီး အလွှာအသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှု များသည် နေ့စဉ် တိုးပွားနေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင် ပြည်နယ် အရေး တို့တွင်လည်း ထိရောက်စွာ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း ၊ တရုတ်-မြန်မာအစဉ်အလာ ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေးသည်ခေတ်သစ်တွင် အနှစ်သာရသစ်ရရှိခဲ့ပြီး စွမ်းအင်နှင့် အင်အားသစ်များ ဖော်ပြနေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်ကို မျှော်မှန်း ကြည့်ပါက တရုတ်-မြန်မာ ဆက်ဆံရေးသည် အစပြုရာ နေရာအသစ်မှ ပိုမို ထွန်းလင်း တောက်ပသည့် အနာဂတ်ကို ချီတက်လျက် ရှိကြောင်း ၊ နှစ်ဦးနှစ်ဖက် အတူ ကြိုးပမ်းမှု အောက်တွင် နှစ်နိုင်ငံ အတူတကွ တည်ဆောက်သည့် “Belt and Road” အဆိုပြုချက် နှင့် တရုတ်-မြန်မာစီးပွားရေး စြင်္ကံ သည် ပိုမို ကြီးမားသည့် အောင်မြင်မှုများ ရရှိပြီး မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေး နှင့် စည်ပင်သာယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားသစ်လောင်း ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ၊ မြန်မာနိုင်ငံ နိုင်ငံရေး ပါတီ အသီးသီး ၊ လောကအသီးသီး နှင့် တိုင်းရင်းသား ပြည်သူ အားလုံးတို့၏ အတူတကွ ကြိုးပမ်းမှု အောက်တွင် မြန်မာနိုင်ငံသည် မိမိ နိုင်ငံ အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းကို စူးစမ်း ရှာဖွေ ရာတွင် တိုးတက်မှု များရရှိနိုင်ပါမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူ မောင်နှမများ အားလုံး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပြီး တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.