Connect with us

Politics

တပ်မတော်၏ ကြေညာချက် အပေါ် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကြိုဆိုကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ အမှတ်အသားအား တွေ့ ရစဉ်(ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။

တရုတ်သံရုံးသည် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက မြန်မာ တပ်မတော် ၏ကြေညာချက်ကို တက်ကြွစွာ တုံ့ပြန်ခဲ့ခြင်း အပေါ်တွင်လည်း ကြိုဆိုပြီး မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ အဘက်ဘက်မှ ယခုတလော၌ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တွန်းအားပေးရန်အတွက် ထိရောက်စွာ ကြိုးပမ်း ဆောင်ရွက်မှုကို ချီးကျူးဂုဏ်ပြုကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် ထာဝရ ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူ အားလုံး၏ တူညီသောဆန္ဒပင် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ အဖွဲ့အစည်း များသည် ပြည်သူလူထု၏ ဆန္ဒအလျောက် ကြီးကျယ်စွာ ထိန်းသိမ်းဆောင်ရွက်ပြီး လက်နက်ကိုင် ပဋိပက္ခမှုကို ရပ်ဆိုင်းကာ နိုင်ငံရေးဆွေးနွေးမှု တိုးမြှင့် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး ဆောလျင်စွာ ရရှိနိုင်ရေး အတွက် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ အိမ်နီးချင်းကောင်းနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်အနေနှင့် တရုတ်နိုင်ငံသည် မြန်မာဘက်မှ လိုအပ်ချက်အရ မြန်မာနိုင်ငံ ပြည်တွင်းရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အပြုသဘောဆောင် သည့်အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာဘက်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းမှုကို အတူတကွ ကာကွယ် ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117