Connect with us

Politics

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင်ပါဝင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ကျင်းပသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ သို့တရုတ်ကိုယ်စားလှယ် တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရ ီ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍ မှ ဆက်လက်ပါဝင် သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၆ ရက် တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်တည်တံ့ ခိုင်မြဲမှု ကို စဉ်ဆက်မပြတ် လေးစားလျှက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ Hua Chunying က အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။

၎င်းက လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ၊ တရုတ်၏ပိုင်နက်ကို အသုံးပြု ပြီး တရုတ်-မြန်မာ ဆက်ဆံရေး နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိခိုက်ဆန့်ကျင်ခြင်းကို မည်သည့် နည်းနှင့် မျှ ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအား ကိုးကန့်လက်နက်ကိုင် အဖွဲ့နှင့် ဆက်စပ်မှုရှိသလား ဆိုသည့် မေးခွန်းများကို Hua က ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဘက် အနေဖြင့် ကိုယ့်ကိုယ်ကို ထိန်သိမ်းပြီး အခြေအနေ ဆိုးရွားအောင် မပြုလုပ်ရန် နှင့် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် တရုတ်နိုင်ငံဘက်အခြမ်း လုံခြုံရေးကို မထိခိုက်စေရန် တိုက်တွန်းမျှော်လင့်ပါသည်ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၉ ရက်နေ့က အစိုးရ တပ်စခန်းများအား မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လောက်ကိုင် နှင့် ကုန်းကြမ်း ဒေသ တို့သည် အဓိက စစ်မြေပြင် ဖြစ်ခဲ့သည်။

ယခုတစ်ပတ်တွင် မြန်မာအစိုးရ နှင့် ကိုးကန့်အဖွဲ့ ရင်ဆိုင် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်း တွင် (MNDAA) မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သလို အစိုးရတပ်မှလည်း စစ်လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။ မြန်မာအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ (၉) ရက်မှ (၁၁) ရက် နေ့အတွင်း ၎င်းတိုက်ပွဲကြောင့် တပ်မတော်မှ ၄၇ ဦးကျဆုံးကာ ၇၃ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မြန်မာဘက်မှ ဆန္ဒသဘောထားအရ တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်ကာ ပါဝင်သွားမည်ဟု ဆိုသည်။ (Xinhua)