Connect with us

Politics

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန် နေပြည်တော်တွင် ကျင်းပသည့် ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားတွင် မိန့်ခွန်း ပြောကြား

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့တွင် နေပြည်တော် ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ပြုလုပ် ခဲ့ပြီး အခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်မှ မိန့်ခွန်းပြောကြားရာတွင် အခမ်းအနား သို့ တက်ရောက် လာသည့် မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဧည့်သည်တော် များအား ကြိုဆိုကြောင်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံရုံး ကိုယ်စား ကာလ တစ်လျှောက်လုံး တရုတ်-မြန်မာ ချစ်ကြည်ရေး အပေါ် ထောက်ခံအားပေး သည့် ကဏ္ဍ အသီးသီးမှ မိတ်ဆွေများအား အထူး ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

သံအမတ်ကြီး မှ ယနေ့ ဧည့်ခံပွဲတွင် ထူးခြားသည့် အနက်အဓိပ္ပာယ် များရှိကြောင်း ၊ နံပတ်တစ် အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ပထမ ဆုံးအကြိမ် နေပြည်တော်တွင် တရုတ် အမျိုးသားနေ့ ကျင်းပခြင်း ဖြစ်ကြောင်း ၊ နံပတ်နှစ် အနေဖြင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ နေပြည်တော်တွင် ပထမ ဆုံး အမျိုးသားနေ့ ကျင်းပသည့် သံရုံးဖြစ်ခဲ့ကြောင်း ၊ နံပတ်သုံး အနေဖြင့် ယနေ့ အခမ်းအနား ကျင်းပရာနေရာ သည် တရုတ် နိုင်ငံမှ ကူညီ တည်ဆောက်ထားသည့် အဆောက်အဦး ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ပူးပေါင်းမှု ၏ ရလဒ် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု နှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့သည့် ၆၅ နှစ်ပြည့်သည့် နှစ်ဖြစ်ကြောင်း ၊ ၆၅ နှစ်တာ ကာလ အတွင်း နိုင်ငံရေး အခြေအနေ မည်သို့ ပြောင်းလဲ သည်ဖြစ်စေ ၊ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ ပြည်တွင်း မည်သည့် ပြောင်းလဲမှု ဖြစ်ပွား ခဲ့သည် ဖြစ်စေ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သည် ကောင်မွန်း တိုးတက်သည့် အခြေအနေ ကို ထိန်းသိမ်း ထား နိုင်ခဲ့ကြောင်း ၊ ထို့ကြောင့် လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အတူကတွ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက် ကို ဆောင်ရွက် နိုင်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူ လူထု အကြား နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို လည်း ဖြစ်ပေါ် စေခဲ့ကြောင်း ၊ ထို့ပြင် တရုတ်-မြန်မာ အနီးကပ် မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ အဖြစ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ မှ အပြန်အလှန် လေးစားမှု ထားရှိပြီး အပြန်အလှန် ကူညီထောက်ခံအားပေးကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တွင်လည်း ထင်ရှား သည့် အောင်မြင်မှု များကို ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အစိုးရ မှ ပြည်တွင်း ပြုပြင် ပြောင်းလဲမှု များဆောင်ရွက်ခဲ့ရာနောက်ပိုင်းတွင် တရုတ်-မြန်မာ ဆက်ဆံရေး သည် အခြေအနေသစ် များ ဖြစ်ပွားစေခဲ့ ကြောင်း ၊ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ ၏ မိမိ နိုင်ငံ နှင့် ကိုက်ညီသော တိုးတက်ရေး လမ်းစဉ် လျှောက်လမ်း သည် ကို ထောက်ခံအားပေးခဲ့ ကြောင်း ၊ မြန်မာ နိုင်ငံ မှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ခြင်း ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းမှု ရရှိရေး ဆောင်ရွက်ခြင်း နှင့် ပြည်သူလူထု လူမှုဘဝ တိုးတက်ကောင်မွန် ရန် ဆောင်ရွက်ခြင်း များအပေါ် ထောက်ခံ အားပေးကြောင်း ၊ မြန်မာ နိုင်ငံ မှ ပြည်ပ နိုင်ငံများအပေါ် တံခါးဖွင့် မူဝါဒ ကျင့်သုံးခြင်း ၊ အပြည်ပြည်ဆိုင်ရာ နှင့် ဒေသ တွင်း ကိစ္စ ရပ်များတွင် အရေးပါသည့် အခန်းကဏ္ဍ များတွင် ပါဝင်မှု အပေါ် ထောက်ခံအားပေး ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှု များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နှင့် ယခု နှစ် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ ကြီး အောင်မြင်စွာ ကျင်းပ နိုင်ရန် လေးလေးနက်နက် ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး ဟုန်လျန် မှ ကျွန်တော် အနေဖြင့် ယခု လက်တလော ကာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု များရရှိလာသည် ကို လွန်စွာ ဝမ်းမြောက်မိပါ ကြောင်း ၊ ၂၀၁၁ ခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး တည်ထောင် နိုင်ခဲ့ ကြောင်း ၊ ဘက်စုံ ဆိုသည်မှာ တရုတ်-မြန်မာ ပူးပေါင်း ဖလှယ်မှု သည် ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံ အပေါ်လွှမ်းခြုံမှု ရှိပြီး အကန့်အသက် အတားအဆီး များ မရှိသည် ကို ဆိုလို ကြောင်း ၊ မဟာဗျူဟာ ဆိုသည်မှာ တရုတ်-မြန်မာ ဆက်ဆံရေး ရေရှည် တည်ငြိမ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် အကောင်ထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူ လူထု ခေတ်အဆက်ဆက် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ဖြစ် ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ ပထမ ကုန်သွယ်မှု မိတ်ဆွေ နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ သို့ အဓိက ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံ လည်း ဖြစ် ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု များမှ တစ်ဆင့် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှု များ ပိုမိုလုပ်ဆောင်ပြီး မြန်မာ နိုင်ငံ ပြည်သူလူထု လူနေမှု ဘဝ ပိုမို မြှင့်တင် သွားနိုင်ရန် ပိုမို ဆောင်ရွက်သွားမည် ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များမှ အလွန် အလေးထား ဆောင်ရွက်ခဲ့ ကြောင်း ၊ ယခု လအစောပိုင်းတွင် မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် သည် တရုတ် နိုင်ငံ သို့သွားရောက်၍ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး အောင်ပွဲ နှစ်(၇၀) ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ပြီး တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၊ တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခဲ့ချန် တို့နှင့် အကျိုးရလဒ် ပေါင်းများစွာ ရရှိစေသည့် ဆွေးနွေးမှု များပြုလုပ် ခဲ့ကြ ကြောင်း ၊ ပြီးခဲ့သည့် အပတ်တွင် မြန်မာ နိုင်ငံ တော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မှလည်း တရုတ် နိုင်ငံ သို့သွားရောက်၍ ၁၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲသို့ သွားရောက်ခဲ့ပြီး တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောင်းလိ နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များမှ တရုတ်-မြန်မာ နှစ်နိုင်ငံ မှ “ခေတ်သစ်ပိုးလမ်းမကြီး” အား အတူတကွ တည်ဆောက်သွားရန် သဘောတူညီခဲ့ကြပြီး တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ စီမံကိန်း ကို အမြန်ဆုံး သတ်မှတ်ချက် ချမှတ်ရန် ၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္က ံကိုလည်း တက်ကြွစွာ တွန်းအား ပေး ဆောင်ရွက်ရန် ၊ နှစ်နိုင်ငံ စိုက်ပျိုးရေး ၊ ရေးအရင်းအမြစ် စီမံခန့်ခွဲမှု ၊ စွမ်းအင် ၊ ငွေကြေး ၊ လူငယ်ချင်း ဖလှယ်မှု ၊ အခြေခံအဆောက်အဦး တည်ဆောက်မှု ၊ ကုန်ထုတ်လုပ်ရေး ပြုပြင်ပြောင်းလဲမှု ၊ နယ်စပ်ဒေသ အုပ်ချုပ်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တို့အား နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ဇနီး တို့အား နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနား၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

မကြာသေးသော ကာလက တရုတ် နိုင်ငံ တော်သမ္မတ ရှီကျင့်ဖိန် မှ မြန်မာ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် နှင့် ပေကျင်းမြို့တွင် တွေဆုံဆွေးနွေး ခဲ့ရာတွင် မြန်မာ နိုင်ငံ လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နှင့် မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသ များ ပြန်လည် ထူထောင်ရေး လုပ်ငန်း များဆောင်ရွက် နိုင်ရန် အတွက် တရုတ် နိုင်ငံ အစိုးရ မှ မြန်မာ နိုင်ငံ အစိုးရ အား ထောက်ပံ့ငွေ တရုတ်ယွမ်းငွေ သန်း ၉၀၀ (မြန်မာကျပ်ငွေပေါင်း ၁၅,၀၀၀) ကို ပေးအပ် လှူဒါန်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက် နေ့တွင်လည်း မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း နှင့် တရုတ် မြန်မာ ချစ်ကြည်ရေး အသင်းတို့မှ ရန်ကုန် မြို့တွင် “Support Myanmar” ဟုသည့် ခေါင်းစဉ် ဖြင့် ရေဘေး ကယ်ဆယ်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
အိမ်နီးချင်း နိုင်ငံ အချင်းချင်းတွင် အဆင်အပြေမှု တစ်ခါတလေ ဖြစ်ပွားခြင်းများမှာ သဘာဝပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့အနေဖြင့် အမြင်ကျယ်ကျယ် ထားရှိပြီး ချစ်ကြည်မှုအား အဓိကထား၍ ဖြစ်ပေါ်လာသည့် ပြဿနာများအား အဆင်ပြေစွာ ဖြေရှင်းသွားရမည် ဖြစ် ကြောင်း ၊ ဖြေရှင်း၍ မရသော အခက်အခဲ ဟူ၍ မရှိပါ။ ထို့အပြင် ကြုံတွေ့လာသည့် စိန်ခေါ်မှုများအား အခွင့်လမ်းကောင်း တရပ်အဖြစ် သတ်မှတ်၍ နှစ်နိုင်ငံ ဆက်ဆံရေး ၊ အပြန်အလှန် ယုံကြည်မှု တိုးတက်ရန် အဆက်မပြတ် ဆောင်ရွက် သွားရမည် ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်လာခဲ့သည်မှာ ၆၆ နှစ်ပြည့်ပြီ ဖြစ်သည်။ ထိုကာလ အတောအတွင်း ခက်ခဲသည့် ခရီးကြမ်းများကို ဖြတ်သန်း၍ အဆက်မပြတ် ဖွံ့ဖြိုးတိုးတတ် လာခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရာ နှစ် ၃၀ ကာလ အတွင်း စူးစမ်း ရှာဖွေမှုများနှင့် အခက်အခဲများ ကြားမှ တောက်ပသည့် အောင်မြင်မှုများ ရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် မိမိနိုင်ငံ လူမူဘဝ အခြေအနေနှင့် ကိုက်ညီသည့် မူဝါဒ လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပါသည်။ စီးပွားရေး တည်ဆောက်မှုအား ဗဟိုအဖြစ် ထားရှိ၍ ပြည်သူလူထု လူမှုဘဝ တိုးတက် ကောင်းမွန်ရေးကို မူဝါဒ ချမှတ်ကာ အိမ်နီးချင်း နိုင်ငံများနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်၍ မိမိကိုယ်တိုင် ဖွံ့ဖြိုး တိုးတတ်အောင် ဆောင်ရွက်ပြီး အိမ်နီးချင်း နိုင်ငံများကို အကျိုးပြုသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ယုံကြည်ရသော မိတ်ဆွေနိုင်ငံ တစ်ခု အဖြစ် ဆောင်ရွက်ခဲ့သည်။

လက်ရှိချိန် တွင် တရုတ် နိုင်ငံ သည် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ဖော်ဆောင်မှုမှ တဆင့် လမ်းကြောင်း တလျှောက်ရှိ နိုင်ငံများနှင့် လမ်းပန်းဆက်သွယ်ရေး အပြန်အလှန် ချိတ်ဆက်နိုင်မှု ၊ ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု ၊ ငွေကြေးဆိုင်ရာ ရွှေ့ပြောင်း စီးဆင်းနိုင်မှု ၊ နိုင်ငံရေး မူဝါဒဆိုင်ရာ ဖလှယ်နိုင်မှု ၊ အတူတကွ ပွင့်လင်းပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း ဖြစ်ပေါ်လာရန် နှင့် ဒေသတွင်းနှင့် ကမ္ဘာ့ဖွံ့ဖြိုးရေး အတွက် တွန်းအားသစ် ပေးနိုင်ရန် ဆောင်ရွက်နေပါသည်။
နှစ် ၃၀ ကြာ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတတ်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ စီးပွားရေးသည် ပုံမှန်အခြေအနေ တရပ်သို့ရောက်ရှိလာပြီး တရုတ်နိုင်ငံအနေဖြင့် ယခုချိန်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှုအား အမြန်ဆုံး ပုံစံမှ အလယ်အလတ် တိုးတက်မှု အမြန်နှုန်းသို့ရောက်ရှိရန် ဆောင်ရွက်နေပါသည်။ စီးပွားရေး ဖွံ့ဖြိုးသည့် ပုံစံအားလည်း ပမာဏ တိုးတတ်မှု ပုံစံမှ အရည်အသွေး တိုးတတ်မှု ပုံစံသို့ပြောင်းလဲနေပြီး တီထွင် ဆန်းသစ်မှုကို ပိုမို အလေးထားပြီး ပြည်သူလူထုဘဝ တိုးတက် ကောင်းမွန်ရေးကို ပိုမို အလေးထားကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတတ်ရေးကို ပိုမို အလေးထားခဲ့ပါသည်။

လက်ရှိ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေသည့် အခြေအနေအောက်တွင် တရုတ်နိုင်ငံ စီးပွားရေး သည်လည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါသည်။သို့သော်လည်း တရုတ်နိုင်ငံ ၏ ယခု ပထမနှစ်ဝက် စီးပွားရေး တိုးတတ်မှုနှုန်းသည် ၇ ရာခိုင်နူန်း ရှိခဲ့ပါသည်။ကမ္ဘာ့အဓိက စီးပွားရေး အသိုက်အဝန်းတွင် ဦးဆောင်နိုင်ခဲ့သည်။ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှုအတွက် အရေးပါသည့် တွန်းအားတရပ် ဖြစ်စေခဲ့ပါသည်။လက်ရှိ တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်းမှာ တည်ငြိမ်နေပြီး တည်ငြိမ်မှုမှ ကောင်းသည့်ဘက်သို့ဦးတည်နေပါသည်။ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု ၏ အောင်မြင်မှုကို စတင်တွေ့ ရှိနေရ ပါသည်။တရုတ်နိုင်ငံ စီးပွားရေး ပမာဏသည် ကြီးမားသည် ၊ အမျိုးအစား စုံလင်သည် ၊ အရည်အချင်း ပြည့်ဝသည် ၊ စွန်စားမှုကိုလည်း ကြီးမားစွာ ခံနိုင်ရည် ရှိသည်။တရုတ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ယုံကြည်မှုရှိပြီး တရုတ်ယွမ်ငွေ လဲလှယ်မှုကို တည်ငြိမ်မှုရရှိရန် ဆောင်ရွက်မှုကို ယုံကြည်မှု ရရှိပြီး ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း၍ အာရှဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လည်းယုံကြည်မှု ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)