Connect with us

Economy

အမျိုးသားနေ့အားလပ်ရပ်အတွင်း ရှန်ဟိုင်းမြို့၌ ဈေးရောင်းဈေးဝယ်များအထူးစည်ကား

ရှန်ဟိုင်းမြို့ရှိ လူစည်ကားရာဈေးဝယ်နေရာတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း၊အောက်တိုဘာ၈ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်ကာလအတွင်း ရှန်ဟိုင်းမြို့၌ ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှုပမာဏသည် တရုတ်ယွမ်ငွေ ၂၅ဒသမ၃ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃ဒသမ၅ ဘီလီယံကျော်) ထိရှိခဲ့ကြောင်း ၊ ယခင်နှစ်အလားတူကာလထက် ၁၀ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း ရှန်ဟိုင်းမြို့တော်မြူနီစပယ်ကော်မရှင်၏ စီးပွားရေးညွှန်းကိန်းများအရ သိရသည်။

စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၆ ရက်အထိ ရောင်းဝယ်ဖောက်ကားမှု စုစုပေါင်းအကြိမ်ရေ ၂၄ဒသမ၆ သန်း ထိရှိခဲ့ရာ ၆ဒသမ၂ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကြောင်း အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် တရားဝင် စာရင်းများအရ  သိရသည်။

ရှန်ဟိုင်းမြို့၌ အားလပ်ရက်ကာလအတွင်း ကမ္ဘာလှည့်ခရီးသွားများသည် ဈေးဝယ်မှုအကြိမ်ရေ ၈ဒသမ၈ သန်း ပြုလုပ်ခဲ့ပြီး တရုတ်ယွမ်ငွေ ၉ဒသမ၂ ဘီလီယံထိ သုံးစွဲခဲ့ကြောင်း ၊ ယင်းမှာ မြို့တော်အတွင်း စုစုပေါင်းအသုံးစရိတ်အားလုံး၏ ၃၆ဒသမ၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

 ရှန်ဟိုင်းမြို့ရှိ လူစည်ကားရာဈေးဝယ်နေရာတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်းမြို့တွင် စုစုပေါင်း အသုံးစရိတ်၏ ၈၄ဒသမ၄ ရာခိုင်နှုန်းသည် ဈေးဝယ်ထွက်ခြင်းမှ အသုံးပြုငွေများဖြစ်ရာ ယင်းမှာ ရှန်ဟိုင်းမြို့သည် ဈေးဝယ်ထွက်ရန်အတွက် အလားအလာ အကောင်းဆုံးနေရာတစ်ခုဖြစ်သည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။

အားလပ်ရက်အတွင်း ရှန်ဟိုင်းဒေသခံများသည် အခြားသောနေရာများစွာသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်ပေါင်း ၆ဒသမ၉ သန်းပြုလုပ်ခဲ့ကြောင်း နှင့် ယွမ်ငွေ ၈ဒသမ၉ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရသည်။ နိုင်ငံရပ်ခြားသို့သွားရောက်လည်ပတ်သော တရုတ်ခရီးသွားများအနက် ရှန်ဟိုင်းသားများက ငွေကြေးသုံးစွဲမှုတွင် အများဆုံးနေရာ၌ ရပ်တည်နေကြောင်း စာရင်းဇယားများအရ သိရသည်။(Xinhua)