Connect with us

Politics

၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံများ ခင်းကျင်း ပြသ

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားတွင် ပြသထားသည့် ဓာတ်ပုံများအား ကြည့်ရှုနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းစင်တာ၌ ယနေ့ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံများကိုလည်း တစ်ပါတည်း ခင်းကျင်း ပြသထားခဲ့သည်။

အဆိုပါ ဓာတ်ပုံ ပြပွဲကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူ ကျင်းပခြင်းဖြစ်ပြီး တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ နှစ်ပေါင်းများစွာ ခိုင်မြဲ တည်တံ့ လာသည့် ချစ်ကြည်ရေး ၊ အပြန်အလှန်ဆက်ဆံရေး ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့မှု များကို မှတ်တမ်းတင် ထားရှိထားသော ဓာတ်ပုံများ နှင့် အတူ သံအမတ်ကြီး ရေဘေးအလှူ ၊ တရုတ်နိုင်ငံ၏ အလှအပ (Beautiful China) ဓာတ်ပုံများကို ခင်းကျင်း ပြသထားခဲ့ရာ အခမ်းအနားသို့တတ်ရောက်လာသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စိတ်ဝင်တစား အားပေးကြည့်ရှုခဲ့ကြသည်။

နေပြည်တော်၌ ကျင်းပသော ၆၆ နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြု အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

၂၀၁၅ ခုနှစ်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း ၆၅ နှစ်ပြည့်လည်း ဖြစ်သကဲ့သို့ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည်လည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၆ နှစ်ပြည့်မြောက် သည့် နေ့ဖြစ်သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ဟု သတ်မှတ်ကြေငြာခဲ့သည်။တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့က စတင် ထူထောင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117