Connect with us

Politics

မြန်မာ နိုင်ငံ အစိုးရ ခေါင်းဆောင်များ နှင့် နိုင်ငံရေး ပါတီ အသီးသီး က ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ သို့ ဂုဏ်ပြု သဝဏ်လွှာ များ ပေးပို့

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ကျင်းပ နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ သို့ မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် ၊ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး ပါတီ အသီးသီး တို့မှ ဂုဏ်ပြု သဝဏ်လွှာ များ ပေးပို့ ခဲ့ကြသည်။

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် က သဝဏ်လွှာ ပေးပို့ရာတွင် ” China is to embark upon a new chapter from the 19th CPC National Congress to shape the future of the country and to fulfill the expectations of the people of China.” ဟူ၍ ရေးသား ပေးပို့ ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သဝဏ်လွှာ ပေးပို့ရာတွင် “I believe the important internal and external policies to be made at this CPC congress will not only boost China’s progress and prosperity, but also promote global peace and harmony.” ဟူ၍ ရေးသား ပေးပို့ ခဲ့သည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ ၊ အမျိုးသား စည်းလုံးညီညွှတ်ရေး ပါတီ(တစည) ဗဟို အလုပ်အမှုဆောင် ကော်မတီ ၊ စည်းလုံး ညီညွတ်ရေး နှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ဥက္ကဋ္ဌ ဦးခက်ထိန်နန် ၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ၊ တအောင်း(ပလောင်) အမျိုးသား ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အတွင်းရေးမှူး ဦးကိုကိုကြီး ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ၊ လီဆူး အမျိုးသား ဖွံ့ဖြိုးရေး ပါတီ(ဒူးလေး ပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း သူရ ဦးရွှေမန်း စသည် တို့မှ ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ သို့ ဂုဏ်ပြု သဝဏ်လွှာ များ ပေးပို့ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.