MYANMAR
တရုတ်နိုင်ငံအစိုးရက လှူဒါန်းသည့် ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဖြန့်ဝေပေးသွားမည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပေးအပ်လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။တရုတ်ပြည့်သူ့သမ္မတနိုင်ငံ အစိုးရက မြန်မာနိုင်ငံရှိ မြန်မာ-တရုတ်နယ်စပ်မြို့(၅)မြို့သို့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း လွှဲပြောင်းပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယူနန်ပြည်နယ် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးစင်တာ၌ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပရာ အခမ်းအနားတွင် ကူမင်းမြို့အခြေစိုက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အထူးကော်မရှင်နာရုံးမှ ဒုတိယကော်မရှင်နာ Mr. Xiao Fenghuai က လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးစင်တာ၌ ကာကွယ်ဆေး ၁ သန်း လွှဲပြောင်းပေးအပ်လှူဒါန်းသည့် အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ – MOFA)
ထို့နောက် ယူနန်ပြည်နယ် စီးပွားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Yishan က အမှာစကားပြောကြားခဲ့ပြီး ကာကွယ်ဆေး(၁)သန်းအား မြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် စတင်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။ (Xinhua)