Connect with us

Social

တရုတ် ဘာသာ “ဝါရင့်ဆရာများသင်တန်း” ၂၀၁၇ ခုနှစ် ဆရာ/ဆရာမ များ သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တရုတ် ဘာသာ "ဝါရင့်ဆရာများသင်တန်း" ၂၀၁၇ ခုနှစ် ဆရာ/ဆရာမ များ သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း သင်တန်းဆင်းပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် ဘာသာ “ဝါရင့်ဆရာများသင်တန်း” ၂၀၁၇ ခုနှစ် ဆရာ/ဆရာမ များ သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကို စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ကောင်စစ်ဝန်းရုံး အတွင်းရေးမှူး မစ္စကျန်ဖန်း(Ms.Jiang Fang) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ Nobel Language Center မှ ဒုတိယ ကျောင်းအုပ်ကြီး လီမော့ယောင် (Li Moyao) ၊ ယွင်ဟွာ ဆရာအတတ်သင်ကျောင်း မှ ကျောင်းအုပ်ဆရာမကြီး မစ္စ လီလန် (Ms.Li Lan) ၊ ရန်ကုန်မြို့ တရုတ် သာသာ ဆရာ/ဆရာမ များ အသင်း ဥက္ကဋ္ဌ ၊ အရှေ့တိုင်း သာသာစကား နှင့် စီးပွားရေး စင်တာ ဒါရိုက်တာ ဒေါ်သန်းသန်းဝင်း ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ နှင့် သင်တန်းဆင်းလက်မှတ် လက်ခံကြမည့် တရုတ်ဘာသာ ဆရာ/ဆရာမ များ တက်ရောက် ခဲ့ကြသည်။

Nobel Language Center ဒုတိယ ကျောင်းအုပ်ကြီး လီမော့ယောင် နှင့် ယွင်ဟွာ ဆရာအတတ်သင်ကျောင်း မှ ကျောင်းအုပ်ဆရာမကြီး မစ္စ လီလန် တို့ က အခမ်းအနားတွင် သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း နှင့် ပတ်သက်၍ ရှင်းလင်း သုံးသပ်မှု များ ပြောဆို ခဲ့ကြပြီး တရုတ် သာသာ ဆရာ/ဆရာမ များအား သင်တန်း ဆင်း လက်မှတ်များ ပေးအပ် ခဲ့ကာ ထူးချွန် ဆရာ/ဆရာမ များကိုလည်း ထူးချွန်ဆုများ ပေးအပ် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး အတွင်းရေးမှူး မစ္စကျန်ဖန်း နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုအကြိမ် သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း တက်ရောက်ခြင်းဖြင့် ဆရာ/ဆရာမ များ၏ သင်ကြားမှု စွမ်းရည် ကို မြှင့်တင်ပေး နိုင်မည် ဖြစ်ပြီး မြန်မာ နိုင်ငံ မြောက်ပိုင်း တရုတ် ဘာသာ သင်ကြားမှု အရည်အသွေး ကိုလည်း မြှင့်တင်ပေး နိုင်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် မြန်မာ နိုင်ငံ အတွင်း တရုတ် ဘာသာ သင်ကြားမှု အရည်အချင်း မြှင့်တင် ရန် အတွက် “မင်းစစ်ထန်” တရုတ် ဘာသာ ဆရာ/ဆရာမ များ သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း ကို ကူညီထောက်ပံ့မှု များ ဆက်လက် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ဘာသာ “ဝါရင့်ဆရာများသင်တန်း” ၂၀၁၇ ခုနှစ် ဆရာ/ဆရာမ များ သင်ကြားမှု စွမ်းရည် မွမ်းမံ သင်တန်း သို့ ရန်ကုန်မြို့ရှိ တရုတ် ဘာသာ ဆရာ/ဆရာမ စုစုပေါင်း ၆၈ ဦး တက်ရောက် ခဲ့ကြပြီး အချိန် ၃ လခွဲ ကြာမြင့်သည့် သင်တန်း ပြီးနောက်တွင် ဆရာ/ဆရာမ ပေါင်း ၆၂ ဦး က သင်တန်းအောင်မြင်စွာ ပြီးမြောက် သည့် လက်မှတ် ကိုရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.