Connect with us

Social

အပင်အမျိုးအစား ခွဲခြားခြင်းနှင့် သစ်တော စီမံခန့်ခွဲမှု ပထမဆုံး သင်တန်း စတင် ဖွင့် လှစ်

Chinese Academy of Science နှင့် မြန်မာနိုင်ငံ သစ်တော ဦးစီးဌာနတို့  ပထမဆုံး စတင် ဖွင့်လှစ် သည့် သစ်တော စီမံခန့် ခွဲမှု သင်တန်းတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန သစ်တောရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် အဖွင့် မိန့် ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

China Academy of Sciences နှင့် မြန်မာနိုင်ငံ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ပထမဆုံး စတင် ဖွင့်လှစ်သည့် အပင်အမျိုးအစား ခွဲခြားခြင်းနှင့် သစ်တော စီမံခန့်ခွဲမှု (Plant Identification and Forest Management) ပထမဆုံး သင်တန်းကို နေပြည်တော် Hotel Amara တွင် ယနေ့ နံနက်၌ စတင် ဖွင့် လှစ်ခဲ့ရာ သင်တန်းသား ၃၀ ဦးတို့တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းသည် ၂၀၁၆ မတ်လတွင် China Academy Science နှင့် မြန်မာနိုင်ငံ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောရေးရာဦးစီးဌာနတို့သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်ရေး MOU တွင် လက်မှတ်ရေးထိုးခဲ့ရာ MOU တွင် ပါရှိသည့် စွမ်းဆောင်ရည်များ ပိုမို မြှင့်တင်ရေး အစီအစဉ် တစ်ရပ် ဖြစ်သည်ဟု သစ်တောရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

“ဒီသင်တန်းကို သစ်တောဦးစီးဌာနနဲ့ Chinese Academy of Sciences Xishuangbanna Tropical Botanical Garden:_ XTBG, CAS တို့ ပူးပေါင်း စီစဉ်တာပါ၊ နှစ်ဘက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုအရ အောင်မြင်တဲ့ စီမံကိန်းတစ်ရပ် ဖြစ်ပါတယ်၊ သစ်တော သုတေသန ဌာနရဲ့ ဇီဝမျိုးကွဲများ သုတေသန ပြုရေး လုပ်ငန်းမှာ မှတ်တိုင်ကြီးတစ်ခု ချမှတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ အခုလို ဖြစ်လာအောင် ကြီးမြတ်တဲ့ အထောက်အပံ့တွေ ပေးနေတဲ့ CAS နဲ့ XTBG တို့ကို ကျေးဇူး တင်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး နေပြည်တော် ရုံးခွဲမှ ကောင်စစ်ဝန် Ms. Xiaoyan Li အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

စစ်ဆောင်ပနား အပူပိုင်း ရုက္ခဗေဒ ဥယျာဉ် (Chinese Academy of Sciences Xishuangbanna Tropical Botanical Garden )မှ ဦးဆောင် ညွှန်ကြားရေးမှူး Prof. Jin CHEN အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ လက်ရှိ မှတ်တမ်းများအရ အပင်မျိုးစိတ် ၁၁၈၂၄ မျိုး ရှိနေပြီး တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများ အပြီးတွင် အပင် မျိုးစိတ်သစ်များ ထပ်တိုးလာမှာ ဖြစ်ကြောင်း၊ ယခု သင်တန်းသည် သစ်တောပညာရှင်များ၊ ရုက္ခဗေဒပညာရှင်များ၏ ဇီ၀ မျိုးစိတ်သစ်များ ရှာဖွေသည့် စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်ပေးမည့် သင်တန်းဖြစ်ကြောင်း၊ သစ်တောဘွဲ့ရပြီးသည့် လူငယ်များအတွက် တရုတ်နိုင်ငံတွင် သက်ဆိုင်ရာ Ph. D ဘွဲ့များ ဆက်လက် ဆည်းပူးနိုင်မည့် ပညာတော်သင်ဆု ပေးခြင်းကို Chinese Academy of Sciences က ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်သွားမည့် အစီအစဉ်များလည်း ရှိကြောင်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သစ်တော ထိန်းသိမ်း စောင့်ရှောက်ရေး ဦးစားပေး ဒေသ ၂၅ ခုတွင် ပါဝင်ပြီး နိုင်ငံ့ ဧရိယာ၏ ၅ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်သော ကာကွယ်တော ၃၉ ခုတို့ကို တည်ဆောက် ထားရာ အဆိုပါ ၃၉ ခုအနက် ခုနစ်ခုတို့သည် အာဆီယံနိုင်ငံများ၏ အမွေအနှစ် သစ်တောကြီးများ စာရင်းတွင် ပါဝင်လျက် ရှိကြောင်းလည်း ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ရှင်းပြခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၃၀ ဦးတို့ တက်ရောက်ကြရာ ရန်ကုန်၊ မန္တလေး နှင့် မြစ်ကြီးနား တက္ကသိုလ်များမှ နည်းပြဆရာ ဆရာမ ၁၅ ဦး၊ ရေဆင်း သစ်တော တက္ကသိုလ်မှ နည်းပြဆရာ လေးဦး၊ သစ်တောသုတေသန ဌာနမှ လက်ထောက် သုတေသနမှူး ငါးဦးနှင့် ဇီ၀ မျိုးကွဲ စီမံကိန်းမှ လက်ထောက် သုတေသနမှူး ခြောက်ဦးတို့ ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်ထိ ဖြစ်ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲသို့ XTGB, CAS တို့မှ ပရော်ဖက်ဆာများ၊ ဂုဏ်ထူးဆောင် ပရော်ဖက်ဆာများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး နေပြည်တော် ရုံးခွဲမှ သံမှူး Ms. Xiaoyan Li လည်း တက်ရောက်ခဲ့ပြီး Ms. Xiaoyan Li နှင့် XTGB, CAS မှ Director General Prof. Jin CHEN တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

သံမှူး Ms. Xiaoyan Li က “ဒီသင်တန်း ဖွင့်လှစ်ရခြင်းက တော်တော် အဓိပ္ပါယ်ရှိပါတယ်၊တရုတ် -မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး နယ်ပယ်မှာ ပိုပြီး တိုးမြှင့်လာနိုင်သလို မြန်မာနိုင်ငံရဲ့ သုတေသန လုပ်ငန်းမှာ စွမ်းဆောင်ရည်တွေ ပိုပြီး တိုးမြင့်လာနိုင်ပါတယ်၊ မြန်မာနိုင်ငံဟာ ဇီ၀ မျိုးစိတ် များပြားတဲ့ နိုင်ငံ ဖြစ်ပါတယ် ဒီသင်တန်းဟာ မြန်မာနိုင်ငံ အစိုးရ အခု ကျင့်သုံးနေတဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မျိုးစိတ်အသစ် ရှာဖွေ သုတေသန ပြုရေး လုပ်ငန်းတွေအတွက် အထောက်အပံ့ ကောင်း တစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊ နှစ်နိုင်ငံ အကြီးအကဲတွေရဲ့ သဘောတူညီမှုအရ မြန်မာနိုင်ငံရဲ့ မည်သည့် ကဏ္ဍမှာမဆို တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးသွားပါမယ်၊ အထူးသဖြင့် နှစ်နိုင်ငံ ပြည်သူလူထုတွေ အတွက် အကျိုးဆောင်နိုင်တဲ့ နယ်ပယ်တွေမှာ ကျွန်မတို့ ကြိုးပမ်း ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.