Connect with us

Social

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား ကျင်းပ

တရုတ်ပြည်သူ့  သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားတွင် မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် (၁၉၄၉ – ၂၀၁၇) အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားကို ယနေ့ညနေ ၆ း ၀၀ နာရီတွင် နေပြည်တော်၊ MICC II တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မြန်နိုင်ငံ အခြေစိုက် သံရုံးများမှ သံအရာရှိကြီးများနှင့် ဖိတ်ကြားထားသော အဖွဲ့အစည်း အသီးသီးမှ ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ဧည့်သည်တော်များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမိုင်းဝင် ဓာတ်ပုံများ၊ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဓာတ်ပုံများကို ဓာတ်ပုံပြခန်းအတွင်း လှည့်လည်ကြည့်ရှုအပြီးတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ တရုတ် -မြန်မာ နှစ်နိုင်ငံတို့၏ နိုင်ငံတော် သီချင်းများဖြင့် အလေးပြုခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အဖွင့်မိန့်ခွန်းကိုလည်းကောင်း၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဂုဏ်ပြုစကားကို လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်၊ MICC II တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြီးက “နှစ်နိုင်ငံ ခေါင်းဆောင်များဟာ အစဉ်အလာ ကြီးမားတဲ့ ‘ဆွေမျိုး ပေါက်ဖော်’ ချစ်ကြည်ရေးကို ခိုင်မြဲစေရေး၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက် ရေးကို ပိုမို နက်ရှိုင်းစေရေး စသည်တို့နဲ့ စပ်လျဉ်းပြီး အမြင်ချင်း ဖလှယ်ခဲ့ရာမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုများ ရရှိခဲ့ပါတယ်၊ ယခုနှစ်များမှာ တရုတ် – မြန်မာ ပြည်သူ အကျိုးပြု ပူးပေါင်း ဆောင် ရွက်မှု လုပ်ငန်းများ အရှိန်အဟုန်မြင့် တိုးတက်လာတာကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါတယ်” ဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်၊ MICC II တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်၊ MICC II တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်၊ MICC II တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အပြင် ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကို ရှုတ်ချပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ကြိုးပမ်း အားထုတ်မှုအပေါ် အားပေးထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ စင်မြင့်တွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်၍ အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံက သက်ဆိုင်ရာ ပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာ အသိုက် အဝန်းက ကောင်းမွန်သော ပြင်ပ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ မျှော်လင့်ပါကြောင်းလည်း မစ္စတာ ဟုန်လျန်က ပြောခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ က “တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ် ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ အကြီးမားဆုံးသော စီးပွားရေး မိတ်ဖက်နိုင်ငံ အဖြစ်နဲ့ ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို မိမိတို့နှစ်နိုင်ငံအကြားမှာ စဉ်ဆက်မပြတ် ထိန်းသိမ်း ထားရှိ ခဲ့ကြပါတယ်။ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ အနာဂတ်မှာလည်း ဆက်လက် တိုးတက် ဖြစ်ပေါ် မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ၎င်း၏ ဂုဏ်ပြုစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယ သမ္မတက ဂုဏ်ပြုစကား ပြောကြားအပြီးတွင် အခမ်းအနား အစီအစဉ်အရ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီး၊ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး တို့က ဂုဏ်ပြု ကိတ်မုန့်အား အတူတကွ လှီးခဲ့ကြသည်။ ထို့နောက် တေးဂီတ၊ အကများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးခြင်း၊ ညစာဖြင့် တည်ခင်း ဧည့်ခံခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြကာ အခမ်း အနားကို ည ၈ း ၀၀ နာရီကျော်တွင် ရုပ်သိမ်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.