Connect with us

Social

တရုတ်-မြန်မာ တိုင်းရင်းဆေး ပညာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန် အတွက် ပူးပေါင်းဆောင်ရွက်မှု စင်တာ ဖွင့်လှစ်


မန္တလေး ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ တိုင်းရင်းဆေး ပညာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန် အတွက် “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဖွင့်ပွဲ အခမ်းအနား နှင့် ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား အား သြဂုတ်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် မန္တလေးမြို့ ရှိ တိုင်းရင်းဆေး တက္ကသိုလ် တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနား မစတင်မီ ဧည့်သည်တော်များ က “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဆိုင်းပုဒ် အား ဦးစွာ ဖွင့်လှစ်ပေး ခဲ့ပြီး ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား အား ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနား တွင် မြန်မာ နိုင်ငံ အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေ က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ တိုင်းရင်းဆေး ပညာ က ရှည်လျားသည့် သမိုင်း အစဉ်အလာ ရှိခဲ့ပြီး လက်ရှိချိန်တွင် နိုင်ငံတကာ မှ တိုင်းရင်းဆေး ပညာ များ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေကြောင်း ၊ “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” က နှစ်နိုင်ငံ ပူးပေါင်း၍ သုတေသနဆောင်ရွက်ရန် ၊ တိုင်းရင်းဆေး ပညာ သင်ကြားရန် နှင့် ဆေးဝါးကုသမှု ပြုလုပ်နိုင်ရန် အတွက် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး နှင့် ကုန်ကြမ်းရရှိရေး ကဏ္ဍ တွင် အားနည်းမှုများ ရှိသည့် အတွက် တရုတ် နိုင်ငံ မှ ကူညီဆောင်ရွက်မှု ပြုလုပ်ပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မန္တလေးမြို့ အခြေစိုက် တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ကျုံရင်(Mr.Wang Zongying) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” က တရုတ်-မြန်မာ ချစ်ကြည်ရေး ၏ အတူတကွ မျှော်လင့်ချက် တစ်ခု ဖြစ်ပြီး စင်တာ ဖြစ်မြောက်ရေး အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အောက်တွင် ထူထောင်ခဲ့သည့် စင်တာ မှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ပြုလုပ်သွားနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

“တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဆိုင်းပုဒ် အား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဆိုင်းပုဒ် အား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဆိုင်းပုဒ် အား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဆိုင်းပုဒ် အား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဆိုင်းပုဒ် အား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေ က အဖွင့်အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မန္တလေးမြို့ အခြေစိုက် တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ကျုံရင်(Mr.Wang Zongying) က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန် တိုင်းရင်းဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာ လီစစ်ဟွေ(Mr.Li Shihui) က နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က စင်တာ ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားနေစဉ်(ဆင်ဟွာ)

မန္တလေး တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိန်းဇော်လင်း က စင်တာ ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားနေစဉ်(ဆင်ဟွာ)

ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား များအား သင်တန်ဆင်း လက်မှတ် ပေးအပ်နေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” ဖွင့်ပွဲ အခမ်းအနား နှင့် ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မန္တလေး တိုင်းရင်းဆေး တက္ကသိုလ် အနာပေါက် ကုသမှု ပညာဌာန နည်းပြ ဒေါ်ခိုင်ဇာလင်း က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန် တိုင်းရင်းဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာ လီစစ်ဟွေ(Mr.Li Shihui) က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် တက္ကသိုလ် အနေဖြင့် ကာလတစ်လျှောက် မြန်မာ နိုင်ငံ တွင် တိုင်းရင်းဆေး ကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ “တရုတ်-မြန်မာ တိုင်းရင်းဆေး ဗဟိုစင်တာ” မှ တဆင့် နှစ်နိုင်ငံ အနေဖြင့် တိုင်းရင်းဆေးပညာ ကဏ္ဍ တွင် အပြန်အလှန် လေ့လာသင်ယူ နိုင်မည် ဖြစ်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ထားရှိကာ နှစ်နိုင်ငံချစ်ကြည်ရေး အား ပိုမိုမြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးပိုမြင့် က စင်တာ ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြား ခဲ့ပြီး မန္တလေး တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိန်းဇော်လင်း က စင်တာ ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြား ခဲ့ကာ အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ က ဒုတိယ အကြိမ်မြောက် တရုတ် အပ်စိုက် ကုသမှု သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား များအား သင်တန်ဆင်း လက်မှတ် အသီးသီး ပေးအပ် ခဲ့သည်။

မန္တလေး တိုင်းရင်းဆေး တက္ကသိုလ် အနာပေါက် ကုသမှု ပညာဌာန နည်းပြ ဒေါ်ခိုင်ဇာလင်း က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် တက္ကသိုလ် ၌ တရုတ် အပ်စိုက် ကုသမှု သင်တန်းအား စိတ်ပါဝင်စားသူများ အား လျှောက်လွှာတင်စေခဲ့ရာ မှ တစ်ဆင့် သင်တန်းအား တက်ရောက်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ သင်တန်း ကတဆင့် တရုတ် တိုင်းရင်းဆေးဝါး ကုသမှု အခြေခံ အသိပညာများအား သိရှိနိုင်ခဲ့ပြီး တရုတ် အပ်ဆိုက်ဘာသာ ပညာရပ် ကို လေ့လာသင်ယူခွင့် ရရှိခဲ့ကြောင်း ၊ တရုတ် တိုင်းရင်းဆေး ပညာ က မြန်မာ တိုင်းရင်းဆေး ပညာ နှင့် အလွန် နီးစပ်မှု ရှိပြီး ယခုကဲ့သို့ တရုတ်-မြန်မာ တိုင်းရင်းဆေး ပူးပေါင်းဆောင်ရွက်မှု စင်တာ ဖွင့်လှစ်ခြင်း က ပြည်သူလူထု များအား ဆေးဝါး ကုသမှု ပိုမို ပြုလုပ်ပေးနိုင်မည် ဖြစ်သည့် အတွက် အလွန် ဝမ်းသာ မိကြောင်း ၊ သင်တန်း တက်ရောက်ခဲ့ပြီးနောက် တရုတ် တိုင်းရင်းဆေး ပညာ အပေါ် ပိုမို စိတ်ဝင်စား လာခဲ့ပြီး လက်ရှိချိန် တွင် တရုတ် ဘာသာစကား အား လေ့လာ သင်ယူနေကာ အနာဂတ် တွင် တရုတ် နိုင်ငံ သို့ သွားရောက် ပညာသင်ကြား နိုင်မည့် ပညာတော်တင်ဆု ရရှိရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.