Connect with us

Social

“အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖြင့် တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ မျက်စိ အတွင်းတိမ် လူနာများ အား အခမဲ့ ထပ်မံ ခွဲစိတ် ကုသပေး

၂၀၁၉ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ၏ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု အခမ်းအနား တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

၂၀၁၉ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ၏ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား အား သြဂုတ်လ ၃၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ် လူနာ စုစုပေါင်း ၂၀၀ ဦး အား အခမဲ့ ခွဲစိတ် ကုသပေးသွားမည် ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနား တွင် သီတဂူ မျက်စိ ဆေးရုံများ ၏ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြအောင် က အဖွင့် အမှာစကား ပြောကြားရာတွင် ယခု အကြိမ် အခမ်းအနား က သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး အား ၂၀၁၁ ခုနှစ် တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် သီတဂူ စက္ခုဒါန ဆေးရုံပေါင်း ၃၈ ရုံ ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖြင့် ၂၅ ကြိမ် အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ် နိုင်ခဲ့ပြီး ဖြစ်သည့် အတွက် အထူး ကျေးဇူးတင်ရှိကြောင်း ၊ ယုံကြည်မှုချက် ၊ သီလ ၊ စွန့်ကျဲနိုင်သည့် စိတ်ဓာတ် နှင့် ပညာ များ တူညီချက်ရှိသောကြောင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်မိကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ၏ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု တွင် ခွဲစိတ် ကုသမှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က အမှာစကား ပြောကြားရာတွင် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု အောင်မြင်စွာ စတင် နိုင်ခဲ့သည့် အတွက် တရုတ် နိုင်ငံ ကိုယ်စား ဂုဏ်ပြုဝမ်းမြောက် ပေးလိုကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၌ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံများ တည်ဆောက်ပေးခြင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများ တည်ဆောက်ပေးခြင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆုများ ပေးအပ်ခြင်း ၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း နှင့် စံပြကျေးရွာ တည်ဆောက်ခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ကို ပြုလုပ်ပေးခဲ့ပြီး မြန်မာ နိုင်ငံ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး အတွက် တက်ကြွစွာ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရပ်ဝန်း နှင့် ပိုးလမ်းမ နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ တို့အား အတူတကွ တက်ကြွစွာ ပူးပေါင်းတည်ဆောက်နေပြီး မြန်မာ နိုင်ငံ ပြည်သူလူထု တို့ ပိုမိုကောင်းမွန် သည့် လူနေမှု ဘဝ ရရှိရေး အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း ၊ ယခု အကြိမ် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု က မြန်မာ နိုင်ငံ မျက်စိ အတွင်းတိမ် လူနာများအား အလင်းရောင် ပြန်လည် ရရှိရန် ကူညီဆောင်ပေးပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး အား ပိုမို နက်ရှိုင်းစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ၏ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု တွင် ခွဲစိတ် ကုသမှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး မစ္စ ကျင်ကျင်း (Ms.Jin Jing) က မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ခဲ့ရာတွင် ဖောင်ဒေးရှင်း အနေဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် စတင်ထူထောင် ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာ ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု အကြား ချစ်ကြည်ရင်းနှီးမှု အား တိုးတက်ပြန့်ပွား အောင် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း ၊ ဖောင်ဒေးရှင်း အနေဖြင့် မြန်မာ နိုင်ငံ ဒေသ အသီးသီး တွင် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုပေါင်း ၁၀ ကြိမ်တိတိ တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ပြီး မျက်စိအတွင်းတိမ် လူနာပေါင်း ၂,၄၁၉ အား အောင်မြင်စွာ အခမဲ့ ခွဲစိတ် ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ ယခု အကြိမ်တွင် လူနာပေါင်း ၂၀၀ အား အခမဲ့ ခွဲစိတ် ကုသမှု ဆောင်ရွက်ပေးမည့် အပြင် ကျပ်ငွေ သိန်း ၉၀ နှင့် ကျပ်ငွေ ၇၂ သိန်း ၄ သောင်း တန်ဖိုးရှိ သော မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသမှု စက်ပစ္စည်း ၁၅ စုံ ကိုလည်း ဆေးရုံ သို့ လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း ၊ “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖြင့် တရုတ်-မြန်မာ ရိုးရာ ချစ်ကြည်ဆက်ဆံရေး အား ပိုမို ခိုင်မြဲအောင် ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ပိုမို နက်ရှိုင်းအောင် တက်ကြွစွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သီတဂူ မျက်စိ ဆေးရုံများ ၏ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြအောင် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ဝိသာခါ ဖောင်ဒေးရှင်း နာယက ဒေါက်တာ ဝင်းမင်းသစ် မှ မျက်စိ အခမဲ့ ခွဲစိတ်ကုသခြင်း နှင့် ပတ်သက်၍ ပူးပေါင်းပါဝင်လုပ်ဆောင်မှုများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ရာ တွင် ဖောင်ဒေးရှင်း အနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက် တွင် ယူနန် အဖွဲ့အစည်း နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုများ အား စတင် ပူးပေါင်းပါဝင် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု အကြိမ် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု တွင် မျက်စိ အတွင်းတိမ် လူနာ ၂၀၀ ဦး ထပ်မံ အခမဲ့ ခွဲစိတ် ကုသပေး နိုင်မည် ဖြစ်ပြီး တရုတ် နိုင်ငံ ယူနန် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း မှ လှူဒါန်းပေးမည့် အလှူငွေ က လူနာပေါင်း ၂၂၅ ဦး အား ထပ်မံ အခမဲ့ ခွဲစိတ် ကုသမှု ဆောင်ရွက်ပေး နိုင်မည် ဖြစ်ကြောင်း ၊ ယခု ကဲ့သို့ မြန်မာ နိုင်ငံ ပြည်သူလူထု အလင်းရောင် ပြန်လည် ရရှိရေး အတွက် ကူညီဆောင်ရွက်ပေးသည့် အတွက် ဖောင်ဒေးရှင်း အနေဖြင့် အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင် အတွင်းရေးမှူး မစ္စ ကျင်ကျင်း (Ms.Jin Jing) ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

ဝိသာခါ ဖောင်ဒေးရှင်း နာယက ဒေါက်တာ ဝင်းမင်းသစ် မှ မျက်စိ အခမဲ့ ခွဲစိတ်ကုသခြင်း နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ ၏ ဦးဆောင်ဆရာတော် အရှင်ခေမာ သီရိလင်္ကာရ ကျေးဇူးတင် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ ၏ ဦးဆောင်ဆရာတော် အရှင်ခေမာ သီရိလင်္ကာရ လှူဒါန်းငွေ အား လက်ခံရယူ နေစဉ်(ဆင်ဟွာ)

ထို့နောက် တွင် သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ ၏ ဦးဆောင်ဆရာတော် အရှင်ခေမာ သီရိလင်္ကာရ လှူဒါန်းပေးမှု နှင့် ပတ်သက်၍ ကျေးဇူးတင် စကား ပြောကြား ခဲ့ပြီး အလှူငွေများ အား လက်ခံရယူ ပေးခဲ့သည်။“အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖြင့် အခမဲ့ ခွဲစိတ် ကုသမှုခွင့် ရရှိခဲ့သည့် ဒဂုံ ဆိပ်ကမ်းမြို့နယ် မှ အသက် (၆၅) နှစ် အရွယ်ရှိ အဖွား ဒေါ်မေဝေသိန်း က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားခဲ့ရာ တွင် မျက်စိ အတွင်းတိမ် ဝေဒနာ ဖြစ်ပွား သောကြောင့် အလင်းရောင် အောက် တွင် လူများအား ကောင်းမွန်စွာ မကြည့်နိုင်တော့ကြောင်း ၊ ယခု ကဲ့သို့ “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု က အခမဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ပေးမည်ဖြစ်ပြီး မျက်စိ ပြန်လည်ကောင်းမွန် တော့မည် ကို သိရှိရသည့် အတွက် အလွန်ဝမ်းသာ မိကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း က နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု ကို တိုးပွားစေမည် ဖြစ်ပြီး မျက်စိ ဝေဒနာရှင်များလည်း အလင်းရောင် ပြန်လည်ရရှိနိုင်မည် ဖြစ်သည့် အတွက် လွန်စွာ ကောင်းမွန်သည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒဂုံ ဆိပ်ကမ်းမြို့နယ် မှ အသက် (၆၅) နှစ် အရွယ်ရှိ အဖွား ဒေါ်မေဝေသိန်း က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

၂၀၁၉ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ၏ မြန်မာ နိုင်ငံ ရန်ကုန်တိုင်းဒေသကြီး “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ယခု အကြိမ် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု အား တရုတ် နိုင်ငံ ယူနန် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း ၊ သီတဂူရွှေပြည်ဟိန်း စက္ခုဒါန ဆေးရုံ နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့က ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၃ ရက်နေ့ အထိ အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ နှင့် ပရဟိတ အဖွဲ့အစည်းပေါင်း ၁၀ ခုကျော် က မြန်မာ နိုင်ငံ တွင် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုပေါင်း ၃၀ ခန့် အား ဆောင်ရွက်နိုင်ခဲ့ပြီး လူနာပေါင်း ၆ ထောင်ကျော် အား အလင်းရောင် ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.