Connect with us

Social

ရခိုင်ပြည်နယ် ရှိ ဝေဒနာရှင်များ အချိန်မီ ဆေးဝါး ကုသမှု ခံယူနိုင်ရန် အတွက် တရုတ် နိုင်ငံ သံရုံး က လူနာတင်ယာဉ် လှူဒါန်း


ရန်ကုန် ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ရခိုင်ပြည်နယ်ရှိ ဝေဒနာရှင်များ အချိန်မီ ဆေးဝါး ကုသမှု ခံယူ နိုင်ရန် အတွက် ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ၏ စီစဉ် ဆောင်ရွက်မှု ဖြင့် ဖြူစင်မေတ္တာ ပရဟိတ အသင်း သို့ လူနာတင်ယာဉ် လွှဲပြောင်း ပေးအပ်သည့် အခမ်းအနား အား သြဂုတ် ၂၃ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ ရှိ Signature စားသောက်ဆိုင် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား တွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က တရုတ်-မြန်မာ နှစ်နိုင်ငံ က ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး အပြန်အလှန် ကူညီကြသည့် ကောင်းမွန်သော အလေ့အထ ရှိကြကြောင်း ၊ ရခိုင်ပြည်နယ် ကျောက်တော် မြို့ တွင် လူဦးရေ ၃ သိန်း ခန့် ရှိသော်လည်း လူနာတင်ယာဉ် နှစ်စင်းသာ ရှိ သည့် အတွက် အရေးပေါ် မီးဖွားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး နှင့် ခွဲစိတ်ကုသမည့် လူနာများ အချိန်မီ ကုသမှု ခံယူနိုင်ရန် အတွက် လူနာတင်ယာဉ် နှစ်စင်း ပေးအပ်လှူဒါန်း ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ ၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် တရုတ် နိုင်ငံ က အစဉ်တစိုက် ထောက်ခံအားပေး ခဲ့ပြီး ပြန်လည်နေရာချထားရေး လုပ်ငန်းများ အတွက်လည်း တက်ကြွစွာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆက်လက်၍လည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ရခိုင်ပြည်နယ် အတွက် လူနာတင်ယာဉ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ လှူဒါန်းသည့် လူနာတင်ယာဉ်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်တင်မေအောင် က အခမ်းအနား တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှ စတင်၍ ရခိုင်ပြည်နယ် ကျောက်တော် မြို့ တွင် တိုက်ပွဲများကြောင့် လူနာများ အလွန်များပြား လာခဲ့ပြီး လူနာတင်ယာဉ် မလုံလောက်မှု ကို မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က သိရှိနားလည် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး ယခုကဲ့သို့ လှူဒါန်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သံရုံး နှင့် ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း အကြား ချိတ်ဆက် ဆောင်ရွက်မှုများ တည်ရှိပြီး လိုအပ်ချက်များအား တင်ပြ ခဲ့ရာတွင် သံရုံး မှ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ ၏ ကူညီထောက်ပံ့မှုများ က ဒေသခံများအတွက် ကူညီထောက်ပံ့မှု များစွာ ဖြစ်စေသည့် အတွက် အလွန်ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က လတ်တလော နှစ်ပိုင်း အတွင်း ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း ၊ ရခိုင် သဟာယ အသင်း စသည့် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရခိုင်ပြည်နယ် ကျေးလက်ဒေသ သောက်သုံးရေ ဘေးကင်းရေး စီမံကိန်း စသည့် ပြည်သူ့ အကျိုးပြုလုပ်ငန်း များစွာ ဖော်ဆောင်ခဲ့ကြောင်း ၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ဖြေရှင်းရန် အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ၂၀၁၈ ခုနှစ် သြဂုတ်လ တွင် မြန်မာ ကျပ်ငွေ သိန်း ၂၀၀ စိုက်ထုတ်၍ ကျေးလက်တံတား နှစ်စင်း တည်ဆောက်ပေးခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် မေလ တွင်လည်း ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ အား ကူညီပေးရန် အတွက် ရခိုင် သဟာယ အသင်း ကို ငွေကျပ် သိန်း ၃၀ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.