Connect with us

Social

ပဲခူး ၊ မကွေး နှင့် စစ်ကိုင်း တိုင်းဒေသကြီးများတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ဆောင် ၄ ကျောင်း ဖွင့်လှစ် ပြီးစီး

ကလေးမြို့နယ် သဖန်းအိုင် ကျေးရွှာ အခြေခံ ပညာ အလယ်တန်း ကျောင်း (ခွဲ) ၌ ပြုလုပ်သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင် ဖွင့်ပွဲ အခမ်းအနားအား တွေ့ ရစဉ် (ဆင်ဟွာ)

ကလေး ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ်ရှိ သဖန်းအိုင် ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး စတုတ္ထမြောက်စာသင်ကျောင်းဆောင် ဖွင့်ပွဲ နှင့် ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများအား ပဲခူးတိုင်းဒေသကြီးတွင် ၁ ကျောင်း ၊ မကွေးတိုင်း ဒေသကြီး တွင် ၁ ကျောင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ကျောင်း စုစုပေါင်း ၄ ကျောင်း အထိ ဖွင့်လှစ် ပြီးစီးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း စီမံကိန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ မြန်မာနိုငိငံတွင် ယခုအခါ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ၊ ပြောင်းလဲမှုများ နှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော စီမံကိန်း ဖြစ်ကြောင်း ၊ စာသင်ကျောင်းများ အကောင်အထည် ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကို တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူးး Mr.ZHU Jisi က အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ အခမ်းအနားတွင် ထူးချွန် ကျောင်းသူ/သားများအတွက် ပညာသင်ဆု နှင့် နွမ်းပါးသော ကျောင်းသူ/သားများ အတွက် ပညာသင် ထောက်ပံ့ကြေးများ အတွက် ငွေကျပ် သိန်း ၇၀ အား ပေးအပ်လှူဒါန်းခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ဆောင်ဖွင့်ပွဲ အခမ်းအနားသို့ရောက်ရှိလာသည့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူး Mr.ZHU Jisi နှင့် တာဝန်ရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင် အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူး Mr.ZHU Jisi နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင် ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင် ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် ကမ္ပည်းကျောက်စာတိုင်အား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူးက အမွှေးနံသာများဖြင့် ပက်ဖြန်းနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဝင်း အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူးက အမှတ်တရ သစ်ပင် စိုက်ပျိုးနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူး Mr.ZHU Jisi က ကျောင်းဆောင်သစ် လှူဒါန်းခဲ့ရသည့် အကြောင်း ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင် ဖွင့်ပွဲ နှင့် ပညာရေး ဌာနသို့လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းနှင့် ပတ်သတ်သည့် စာရွက်စာတမ်းများအား ပညာရေးဌာနသို့လွှဲပြောင်း ပေးအပ်စဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ်အား တွေ့ရစဉ်(ဆင်ဟွာ)

ယခု အခါ တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်များအား ၄ ကျောင်း အထိ ဖွင့်လှစ်ပြီးစီးခဲ့ပြီး နှစ်ကုန်ပိုင်းတွင် စာသင်ကျောင်းဆောင် ၆ ကျောင်း ဆောက်လုပ်ပြီးစီးရန် ရည်ရွယ်ထားကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးပေါင်း လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သော ပညာရေး စီမံကိန်း ဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနမှ တရုတ်သံရုံးကို ကူညီအားပေးမှုများ ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆောက်လုပ်လှူဒါန်းသည့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေး မြို့နယ် ၊ သဖန်းအိုင် ကျေးရွှာရှိ တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သည် သိန်း ၁၂၀၀ ကျော် ကုန်ကျသည့် အပြင် စားပွဲ ၊ ကုလားထိုင် စသည့် ကိရိယာများအတွက် ငွေကျပ် ၈,၄၀၀,၀၀၀ ကျော်ကုန်ကျကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.