Connect with us

Social

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်အား တတိယ အကြိမ်မြောက် အဖြစ် စစ်ကိုင်းတိုင်း ကလေးမြို့နယ်၌ ဖွင့်လှစ်


ကလေး ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်အား တတိယ အကြိမ်မြောက် အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးမြို့နယ်ရှိ အခြေခံ ပညာ အလယ်တန်းကျောင်း(ခွဲ) နန်ကျင်းဆောင် ကျေးရွှာ၌ ယနေ့ နိုဝင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှူး Mr.ZHU Jisi က တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးပေါင်း လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သော ပညာရေး စီမံကိန်း ဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနမှ တရုတ်သံရုံးကို ကူညီအားပေးမှုများ ပေးခဲ့ကြောင်း ၊ မြန်မာ နိုင်ငံရှိ ကျောင်းသား လူငယ်များ၏ ပညာရေးပေါ်တွင် ပိုမို အကျိုးသက်ရောက်စေရန် မျှော်လင့်ပြီး ထိုကျောင်းသား လူငယ်များသည် အောင်မြင်ခြင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် မျိုးစေ့ တစ်စေ့ကဲ့သို့ ဖြစ်ပြီး နောင်တချိန်တွင် အသီးအပွင့်များနှင့် လှပသော အနာဂတ်များ ဖြစ်ပေါ်လာစေရန် မျှော်လင့်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုမို ကောင်းမွန်စေရန် တတ်အားသရွေ့ အားထုတ် ကြိုးပမ်းရမည် ဖြစ်ကြောင်း ယနေ့ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ဖွင့်ပွဲနှင့် ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

အခမ်းအနားတွင် အခြေခံ ပညာ ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက မြန်မာနိုင်ငံမှ ကလေးများ အတွက် လှူဒါန်းပေးသည့် အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံသူ/သားများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ သံမှုး Mr.ZHU Jisi က ကျောင်းဆောင်သစ် လှူဒါန်းခဲ့ရသည့် အကြောင်း ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းနှင့် ပတ်သတ်သည့် စာရွက်စာတမ်းများအား ပညာရေးဌာနသို့လွှဲပြောင်း ပေးအပ်စဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ်အား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အခြေခံ ပညာ ကျောင်းသား/သူဦးရေ ၉ သန်းခန့် ရှိကာ အခြေခံ ပညာ ကျောင်း စုစုပေါင်း ၄၅,၀၀၀ နှင့် ဆရာ/ဆရာမ ဦးရေ ၃၇,၀၀၀ ကျော် ရှိကြောင်း သိရသည်။ယခု စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးမြို့နယ်ရှိ အခြေခံ ပညာ အလယ်တန်းကျောင်း(ခွဲ)၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆောက်လုပ်လှူဒါန်းသည့် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သည် သိန်း ၁၂၅၀ ကုန်ကျသည့် အပြင် စားပွဲ ၊ ကုလားထိုင် စသည့် ကိရိယာများအတွက် ငွေကျပ် ၈၄၆၀၀၀၀ ကုန်ကျကာ အခမ်းအနားတွင် ထူးချွန် ကျောင်းသူ/သားများအတွက် ပညာသင်ဆု နှင့် နွမ်းပါးသော ကျောင်းသူ/သားများ အတွက် ပညာသင် ထောက်ပံ့ကြေးများ အတွက် ငွေကျပ် သိန်း ၇၀ အား ပေးအပ်လှူဒါန်းခဲ့သည်။တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများအား ပထမဆုံးအကြိမ် အဖြစ် ပဲခူးတိုင်းဒေသကြီး ၊ ရွှေကျင်မြို့၌ လည်းကောင်း ၊ ဒုတိယ အကြိမ်မြောက် အဖြစ် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။(Xinhua)