Connect with us

Social

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဆောက်လုပ်လှူဒါန်း၍ မြန်မာ – တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်း မှ ပူးပေါင်းကူညီဆောင်ရွက်သည့်နတ်မောက်ပြည်သူ့ ဆေးရုံ ပြုပြင်မွမ်းမံတည်ဆောက်ခြင်းနှင့်အရေးပေါ်လူနာဆောင်သစ် တည်ဆောက်ခြင်းစီမံကိန်းအခမ်

တရုတ်ပြည်သူ့  သမ္မတနိုင်ငံသံရုံး သံအမတ်ကြီး Mr. Hong Liang ရောက်ရှိလာစဉ် (ဆင်ဟွာ)

နတ်မောက်၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေဖြစ်သည့် မကွေးတိုင်းဒေသကြီးရှိ နတ်မောက်မြို့ မြို့နယ် ဆေးရုံအား ပြုပြင် မွမ်းမံခြင်းနှင့် အရေးပေါ် လူနာဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံဝင်းအတွင်း ကျင်းပခဲ့ရာ အလှူရှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး ကိုယ်စားတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့် ဇနီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ အဆိုပါ ဆေးရုံအား တာဝန်ယူ ပြုပြင် တည်ဆောက်မည့် မြန်မာ – တရုတ် ပူးပေါင်း ကူညီ ဆက်ဆံရေး ဗဟို အသင်းမှ ဦးသစ္စာနှင့် အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြပြီး ပန္နက်တင် လုပ်ငန်းများကို ရှေးရိုးရာ ဓလေ့ ထုံးတမ်း များနှင့် အညီ စုပေါင်း ပြုလုပ်ခဲ့ကြသည်။

မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အဖွင့် အမှာစကား ပြောကြားရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၏ မကွေးတိုင်းဒေသကြီး အတွင်းကူညီမှုမှာယခုအကြိမ်သည်ပထမအကြိမ်မဟုတ်ကြောင်း၊ ယခင် နှစ်ကလည်း မကွေးတိုင်း ဒေသကြီးအတွင်းသစ်ပင်မျိုးစုံ ဧကတစ်ရာ စိုက်ပေးခဲ့ကြောင်း၊ယခုဆေးရုံအဆင့်မြှင့်တင် ဆောက်လုပ်မှုက ဒေသခံပြည်သူများ၏ကျန်းမာရေးကို အထောက် အကူ ဖြစ်စေမည်သာမကတရုတ် – မြန်မာ ချစ်ကြည်ရေးကို များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ရောက်ရှိလာစဉ် (ဆင်ဟွာ)

ထို့နောက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးကလည်းယခုအကူအညီပေးမှုကနတ်မောက်ဆေးရုံ၏ဆေးကုသရေး အနေအထား ဘက်စုံ အဆင့််မြင့်လာပြီး နတ်မောက် မြို့ နယ်၏အခြေခံ ဆေးကုသရေး ဝန်ဆောင်မှုကွန်ယက် ပိုမိုကောင်းမွန်လာဖို့ အကျိုးပြုနိုင်ရန် မျျှော်လင့်ပါကြောင်း၊နောက်နှစ်မေလတွင် စီမံကိန်းတစ်ခုလုံး ပြီးစီးရန်ခန့်မှန်းကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ဆေးရုံအဆောင်သစ် ပန္နက်တင် မင်္ဂလာ ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအရလတ်တလောနှစ်များတွင် တရုတ်နိုင်ငံမှ ဆေးကုသရေးအဖွဲ့သည် မြန်မာနိုင်ငံမှ ထောင်ချီ သော မျက်စိအတွင်းတိမ် ဝေဒနာရှင်များကို အခမဲ့ ကုသပေးခဲ့ကြောင်း၊ ရောဂါကာကွယ်ဆေးများကို လည်း အကြိမ်ပေါင်းများစွာ ထောက်ပံ့ပေးးခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ပထမဆုံးသော တရုတ် – မြန်မာ ချစ်ကြည်ရေး ဆေးရုံ အဖြစ် ယမန်နှစ်က အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း၊ ယခု နတ်မောက် ဆေးရုံသည်လည်း ဒုတိယမြောက် တရုတ် – မြန်မာ ချစ်ကြည်ရေး ဆေးရုံ ဖြစ်လာပြီး အစဉ်အလာ ကြီးမားသည့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး၏ အမှတ်လက္ခဏာ အသစ်ဖြစ်လာဖို့ မျှော်မှန်းထားပါကြောင်းလည်း ပြောကြားခဲ့သည်။

ဆေးရုံအဆောင်သစ် ပန္နက်တင် မင်္ဂလာ ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို အဖွင့် မိန့်ခွန်း ပြောကြားစဉ် ( ဆင်ဟွာ)

တရုတ် သံအမတ်ကြီး Mr. Hong Liang က ဆေးရုံလှူဒါန်းရခြင်းကို ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းစည်သူ ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

ဆေးရုံအဆောင်သစ် ပန္နက်တင် မင်္ဂလာ ပြုလုပ်နေကြစဉ် (ဆင်ဟွာ)

ထို့နောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း နှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းစည်သူ တို့က ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။နတ်မောက်ဆေးရုံကို ၁၉၈၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် ၂၅ ကုတင်ဆံ့ ဆေးရုံအဖြစ်သို့ လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ကုတင် ၅၀ ဆံ့ ဆေးရုံ အဖြစ်သို ့လည်းကောင်း၊ အဆင့်ဆင့် တိုးမြှင့် ဖွင့်လှစ်ခဲ့ ကြောင်း နှင့် နတ်မောက်မြို့နယ်အတွင်း ရှိ ပြည်သူပေါင်း သုံးသိန်းခွဲခန့်၏ ကျန်းမာရေးအတွက် အဓိက အားထားရာ ဆေးရုံလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)