Connect with us

Social

ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် Huawei ကုမ္ပဏီ နှင့် ပါမောက္ခချုပ်များ ကော်မတီတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ICT စွမ်းရည် ဖွံ့ ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် Huawei ကုမ္ပဏီ နှင့် ပါမောက္ခချုပ်များ ကော်မတီတို့ လက်မှတ် ရေးထိုးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဒီဂျစ်တယ်လ် အပြည့်အ၀ ဆက်သွယ်မှု တည်ဆောက်ရန် ရည်ရွယ်ချက် နှင့် အညီ နိုင်ငံ့ ICT ကဏ္ဍ စွမ်းရည် လိုအပ်မှုများ ကြီးထွားလာမှု ဖြည့်ဆည်းရေး ကြိုးပမ်းမှုများအား ကူညီရန် ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် Huawei ကုမ္ပဏီ နှင့် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် လက်အောက်ရှိ ပါမောက္ခချုပ်များ ကော်မတီတို့သည် နားလည်မှု စာချွန်လွှာတစ်ရပ်အား ယနေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးသည့် အခမ်းအနားတွင် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးကြွယ်က နိုင်ငံ ဆိုင်ရာ နှင့် နိုင်ငံတကာ ဆိုင်ရာ နှစ်ရပ်စလုံး ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဘက်များ ထူထောင်ခြင်းသည် ဒေသဆိုင်ရာ တက္ကသိုလ်များ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုသော အဓိက ချဉ်းကပ်မှု တစ်ရပ် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ICT ဖွံ့ဖြိုး တိုးတက်ရေးအား အထောက်အကူ ပြုရန် Huawei ၏ ကြိုးပမ်း အားထုတ်မှုများအား အသိအမှတ်ပြု ကြိုဆိုပါကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးကြွယ်က အဖွင့်မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် Huawei ကုမ္ပဏီ နှင့် ပါမောက္ခချုပ်များ ကော်မတီ တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း နှင့် ICT နည်းပညာ ကဏ္ဍတွင် အလား အလာ ရှိသည့်သူများ အတွက် Huawei က ပေးအပ်သည့် ပညာသင်ဆု ချီးမြှင့်ခြင်း အခမ်းအနားအား ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး မစ္စ လီရှောင်ယန် (Ms.Li Xiaoyan) က ယခုကဲ့သို့နားလည်မှု စာချွန်လွှာ လက်မှတ် ရေးုထိုးကြခြင်းသည် နှစ်ဦးနှစ်ဖက် အကြား ပူးပေါင်း ဆောင်ရွက်မှုသည် ပိုမို စနစ်ကျလာပြီး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေကာ မြန်မာနိုင်ငံ ICT ကုမ္ပဏီ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်မည် ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူးကြီး မစ္စ လီရှောင်ယန် (Ms.Li Xiaoyan) က အဖွင့်မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

လတ်တလောနှစ်များ အတွင်း တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်၏ အတူတကွ ကြိုးပမ်း ဆောင်ရွက်မှု အောက်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ရေရှည် တိုးတက်မှုများ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှု များ တည်ငြိမ်စွာ တိုးတက်လျက် ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် Huawei (Myanmar) ၏ CEO မစ္စတာ ကျန်းလီမန် (Mr.Zhang Liman) က မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Huawei ကုမ္ပဏီသည် မြန်မာနိုင်ငံ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် လက်အောက်ရှိ ပါမောက္ခချုပ်များ ကော်မတီ နှင့် သုံးနှစ် သက်တမ်းရှိ ICT ထူးချွန် လူငယ် ပြုစု ပျိုးထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ယနေ့လက်မှတ် ရေးထိုးမည် ဖြစ်ပြီး ယခင်စာချုပ်ကို အဆင့်မြှင့်တင် ထားသည့် ပုံစံ ဖြစ်ကြောင်း ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍတွင် Huawei က ပိုမို ရင်းနှီး မြှုပ်နှံသွားမည် ဖြစ်ပြီး အစိုးရ နှင့်လည်း ပို၍ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Huawei (Myanmar) ၏ CEO မစ္စတာ ကျန်းလီမန် (Mr.Zhang Liman) က အဖွင့်မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

Huawei ICT 2018 ပညာသင်ဆုများအား ပေးအပ်စဉ်(ဆင်ဟွာ)

HAINA အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက် လက်မှတ် ရေးထိုးစဉ်(ဆင်ဟွာ)

ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးသည့် အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အရ ကျယ်ကျယ် ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက်မှု ဧရိယာ ၆ ခု ပါဝင်ပြီး ယင်းတို့မှာ ICT ဒီပလိုမာ သင်ရိုး စနစ် တည်ဆောက်ရေး ၊ အနာဂတ် အတွက် မျိုးစေ့များ ကမကထ ပြုရေး ၊ Huawei က လုပ်ပိုင်ခွင့် ပြုသော သတင်း နှင့် နက်ဝပ်ခ် အကယ်ဒမီ(HAINA) တည်ထောင်ရေး ၊ ထူးချွန် တက္ကသိုလ် ကျောင်းသားများအား ICT စွမ်းရည် ပညာသင်ဆု ချီးမြှင့်ရေး ၊ Huawei သုံးစွဲသူ ဖြေရှင်းရေး ဆန်းသစ် တီထွင်မှု နှင့် ပေါင်းစည်းမှု စင်တာ (CSIC) တွင် “လူငယ် ပွင့်လင်းနေ့”ကို စည်းရုံး စီစဉ်ရေး နှင့် ICT နှင့် ဆက်စပ်သော သိပ္ပံနည်းကျ သုတေသန အတွက် ပံ့ပိုးမှု ပေးရေး တို့ဖြစ်ကြောင်း သိရသည်။

ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် Huawei ကုမ္ပဏီ နှင့် ပါမောက္ခချုပ်များ ကော်မတီ တို့အကြား နားလည်မှု စာချွန်လွှာအား Huawei (Myanmar) ၏ CEO မစ္စတာ ကျန်းလီမန်(Mr.Zhang Liman) နှင့် ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုး တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားတွင် HAINA အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက် Huawei ကုမ္ပဏီ နှင့် ရန်ကုန် ကွန်ပြူတာ တက္ကသိုလ်တို့သည် Letter of Intent အား လက်မှတ်ရေးထိုးခဲ့သည်။

ထို့အတူ Huawei သည် ပညာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ နိုင်ငံ တစ်ဝှမ်းရှိ နည်းပညာ နှင့် ကွန်ပျူတာ တက္ကသိုလ် များမှ ထူးချွန် ကျောင်းသား ၅၀ ဦးအား ရွေးချယ်၍ Huawei ICT 2018 ပညာသင်ဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် Huawei နှင့် မြန်မာနိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန တို့သည် ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက် ရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုအချိန်မှ စ၍ Huawei ၏ ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်သည် ICT စွမ်းရည် များစွာ လိုအပ်သော မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို နည်းလမ်း ပေါင်းစုံဖြင့် အကူအညီ ပေးလျှက် ရှိကြောင်း ၊ လွန်ခဲ့သော လေးနှစ်ခန့်က မြန်မာနိုင်ငံ အတွက် ICT ကျွမ်းကျင်သူ ၁၅၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ကြောင်း ၊ ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်သစ်သည် ယခင် ပုံစံအား အဆင့်မြှင့်ထားသော ပုံစံ ဖြစ်ကြောင်း သိရသည်။(Xinhua)