Connect with us

Media

ဂါဇာဒေသရှိ ဆေးရုံများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုသည်ဟူသော စွပ်စွဲချက်များကို ဟားမက်စ် ငြင်းဆို

ဂါဇာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားပြီး အစ္စရေး၏ စွပ်စွဲချက်များမှာ “လိမ်လည်မှုများ” အဖြစ် နိုဝင်ဘာ ၁၄ ရက်က ပယ်ချလိုက်ကြောင်း ဂါဇာရှိ အာဏာရ ပါလက်စတိုင်းအဖွဲ့၏ ပြန်ကြားရေးရုံးအရ သိရသည်။

အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ Al-Rantisi ကလေးဆေးရုံကို ဖော်ပြထားသော ဗီဒီယိုများမှာ အခြေအနေနှင့် ပြောင်းပြန်ဖြစ်နေသော၊ ပညာရှင်မဆန်သော၊ ယုတ္တိမရှိသော အပြုအမူဖြစ်ကြောင်း၊ ပြည်သူများကို အသိအမြင်မှားယွင်းစေမည့် မြင်ကွင်းများကို ပေါင်းစပ်၍ လုပ်ကြံဖော်ပြထားခြင်းဖြစ်ကြောင်း ပြန်ကြားရေးအရာရှိက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ယင်းကိစ္စမှာ အစ္စရေးစစ်တပ်၏ “လိမ်လည်မှုများ၊ လူနာများ၊ ဆေးဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းသူများအကြား ဆေးရုံများဖျက်ဆီးခြင်းအတွက် ပြင်ဆင်ရာတွင် သတင်းအချက်အလက်အမှားနှင့် လှုံ့ဆော်မှု လုပ်ဆောင်ကြောင်း” စွပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် လက်နက်ခဲယမ်းများကို ဆေးရုံအောက်တွင် သိုလှောင်ထားရှိသည်ဟူသော အစ္စရေးစစ်တပ်က ဖော်ပြချက်မှာ ဖြစ်နိုင်ခြေလွန်စွာနည်းပါးကြောင်း ဂါဇာရှိ ဟားမက်စ်၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ဆေးရုံအတွင်းပိုင်းတွင် အစ္စရေးအကျဉ်းသားများ ရှိနေခြင်းနှင့် ပါလက်စတိုင်းစစ်သွေးကြွများက အောက်တိုဘာ ၇ ရက် အစ္စရေးအားတိုက်ခိုက်ခဲ့ပြီးနောက် ပုန်းခိုရာအဖြစ် ဆေးရုံကို အသုံးပြုကြောင်း ညွှန်ပြသည့် သက်သေများ ရရှိထားကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ Daniel Hajari က နိုဝင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။

ဟားမက်စ်စစ်သွေးကြွများက မြေအောက်အဆောက်အအုံများကို ၎င်းတို့၏ စစ်အခြေစိုက်စခန်းများနှင့် ကွပ်ကဲရေးဌာနအဖြစ် အသုံးပြုလျက်ရှိသည်ဟူသော သံသယဖြင့် ဂါဇာမြို့ရှိ ဆေးရုံများစွာအား အစ္စရေးက မကြာသေးမီရက်များအတွင်း ပတ်လည်ဝိုင်းထားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Hamas denies accusations of using hospitals in Gaza for military purposes
GAZA, Nov. 14 (Xinhua) — Hamas on Tuesday denied using hospitals in the Gaza Strip for military purposes, dismissing such Israeli accusations as “lies,” according to the media office of the Gaza-ruling Palestinian faction.
What the Israeli army presented regarding the Al-Rantisi Children’s Hospital in Gaza City were “videos made in a contradictory, unprofessional, and illogical manner,” and included “composite and fabricated scenes that mislead public opinion,” the media office said in a statement.
It accused the Israeli army of “making lies and practicing misinformation and incitement in preparation for destroying hospitals … over the heads of patients, medical staff, and displaced people.”
Meanwhile, the Hamas-run Health Ministry in Gaza said what the Israeli army showed and termed as an arsenal located beneath the hospital was a “poor charade.”
On Monday, Israeli army spokesman Daniel Hajari claimed that there was evidence indicating the presence of Israeli prisoners inside the hospital and Palestinian militants using the hospital as a hideout following the Oct. 7 attack on Israel.
Israel surrounded a number of hospitals in Gaza City in recent days on suspicion that their underground facilities have been used as Hamas military bases and command.