Connect with us

Social

မြန်မာ-တရုတ် ကုန်သွယ်မှု ဆယ်လအတွင်း အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိ

တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်အား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ်ကုန်သွယ် မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစ ဧပြီမှ ဇန်နဝါရီအထိ ဆယ်လအတွင်းအမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း အများဆုံးတင်ပို့ပြီး လယ်ယာထွက်ကုန်ပစ္စည်းက ဒုတိယအများဆုံး တင်ပို့လျက်ရှိသည်။

ဆယ်လအတွင်း စက်မှုကုန် ချောပစ္စည်း ကန်ဒေါ်လာ ၁.၈ ဘီလီယံ နှင့် လယ်ယာထွက် ကုန်ပစ္စည်း တစ်ဘီလီယံကျော် တင်ပို့ထားပြီးဖြစ်သည်။

လုပ်ငန်းသုံးကုန်ပစ္စည်း ကန်ဒေါ်လာ ၁.၂ သန်း၊ လူသုံး ကုန်ပစ္စည်း ကန်ဒေါ်လာ သန်း ၅၀၀ ဖိုး ပြန်လည်တင်သွင်းထား ပြီး တင်သွင်းသည့်ပမာဏ၏ ၆၀ ရာခိုင်နှုန်းသည် ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းများဖြစ်ကြောင်း ကုန်သွယ် မှုမြှင့်တင်ရေးဌာန စာရင်းများ တွင် ဖော်ပြထားသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တစ် နှစ်လုံးအတွက် ကန်ဒေါ် လာ ၁၀ ဘီလီယံကျော်ရှိပြီး ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၄.၆ ဘီလီယံကျော်နှင့် သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ ၅ .၆ ဘီလီယံရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.