Connect with us

Social

ရေဘေးသင့် ဒေသများအတွက် တရုတ်နိုင်ငံ မှ ကျပ် ၆ဘီလီယံ တန်ဖိုးရှိ အသင့်ဆောက်လုပ်နိုင်သော အဆောက်အဦများ လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ထံသို့ အသင့်ဆောက်လုပ်နိုင်သော အဆောက်အဦ ပစ္စည်းများကို လက်မှတ်ထိုးပြီးပေးအပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တတိယအကြိမ်အဖြစ် ကျပ် ၆ဘီလီယံ တန်ဖိုးရှိ အသင့်ဆောက်လုပ်နိုင်သော အဆောက်အဦများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့ပေးအပ်လှူဒါန်းလိုက်သည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ယနေ့ နေ့လည်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ထံ အဆိုပါ အသင့်ဆောက်လုပ်နိုင်သော အဆောက်အဦ ပစ္စည်းများကို လက်မှတ်ထိုးပေးအပ်ခဲ့သည်။

အဆိုပါ အသင့်ဆောက်လုပ်နိုင်သော အဆောက်အဦ ၁၁၆၀ လုံး၏ ပစ္စည်းများသည် တရုတ်ယွမ် သိန်း ၃၀၀ (မြန်မာ ကျပ်ငွေ ၆ဘီလီယံ) တန်ဖိုးရှိပြီး ယင်း ပစ္စည်းများကို ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများ အတွက် အဓိက အသုံးပြုမည်ဖြစ်ကြောင်း မစ္စတာ ဟုန်လျန်က ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ ရေဘေးအန္တရာယ် စတင်ကြုံတွေ့စဉ်က စတင် အကူအညီပေးခဲ့ရာ လက်ရှိ တရုတ် ယွမ်သိန်း ၁၀၀၀ မြန်မာ ကျပ်ငွေအားဖြင့် ၁၀ ဘီလီယံထံ ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ အသင့်ဆောက်လုပ်နိုင်တဲ့ အဆောက်အဦပစ္စည်းတွေကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်ပေးသွားမှာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
ယင်းလှူဒါန်းသော အသင့်အလွယ်တပ်ဆင်နိုင်သော အဆောက်အဦပစ္စည်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ပထမဆုံးအဖြစ် သြဂုတ် ၁၅ရက်နေ့၌ အမေရိကန် ဒေါ်လာ ၁၆သိန်းကျော် တန်ဖိုးရှိ လှေ၊ စက်လှေများကိုလည်းကောင်း ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့၌ အမေရိကန် ဒေါ်လာ ၃၁သိန်းဖိုးကျော် တန်ဖိုးရှိ ရေစုပ်စက်၊ လှေ၊ ဆေးဝါးများကိုလည်းကောင်း လှူဒါန်းခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သိန်းခန့် လှူဒါန်းထားပြီးဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ပြောသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်ပြီး တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့မှုအပေါ် နိုင်ငံတကာမှ အကူအညီများပေးအပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.