Connect with us

Social

မြန်မာ နိုင်ငံရှိ မျက်စိ အတွင်းတိမ်ဝေဒနာရှင် ၂၀၀ ဦးအား အခမဲ့ ခွဲစိတ်ကုသ ပေးမည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား ကျင်းပ

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ်ဝေဒနာရှင် ၂၀၀ ဦးအား အခမဲ့ ခွဲစိတ်ကုသ ပေးမည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့ ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား သို့ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး မှ ဦးဆောင်ဆရာတော် အရှင်ခေမာသီရိလင်္ကာရ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း(Yu Bianjiang) ၊ ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမင်းသစ် ၊ တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ဟော်ကျိနင်(He Jining) ၊ အိုင်အိုမျက်စိဆေးရုံ အုပ်စု မှ ဒုတိယ မန်နေးဂျင်း ဒါရိုက်တာ ဖုန်ကျိခွင်း (Peng Zhikun) ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး မှ ဦးဆောင်ဆရာတော် အရှင်ခေမာသီရိလင်္ကာရ က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုဆေးရုံကြီးအား ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လစဉ် မျက်စိဝေဒနာရှင် ၁၃၀ ကို ခွဲစိတ်ပေးခဲ့ရာ ယခုဆိုလျင် ၇၈ ကြိမ်ရှိခဲ့ကြောင်း ၊ ယခုပြုလုပ်မည့် ၇၉ ကြိမ်မြောက် ခွဲစိတ်မှုတွင် တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှု မှ မျက်စိ အတွင်းတိမ် ဝေဒနာရှင် ၂၀၀ ဦးအား အလင်းဒါန ပြုလုပ်ပေးမည် ဖြစ်သောကြောင့် ခွဲစိတ်ပေးနိုင်ခဲ့သည့် လူနာ တစ်သောင်း ပြည့်ခဲ့ပြီးဖြစ်သောကြောင့် အထူး ဝမ်းမြောက်ကြောင်း ၊ ယခု ကူညီထောက်ပံ့မှု ပြုလုပ်ပေးခဲ့သော အဖွဲ့သည် ၂၀၁၆ ခုနှစ်တွင်လည်း မျက်စိ အတွင်းတိမ် လူနာ ၁၀၀ ဦးကို ခွဲစိတ်ကုသရန် ကူညီခဲ့ကြောင်း ၊ ဆက်လက်၍ ပကတိ အလင်းရရှိအောင် ကူညီဆောင်ရွက်ပေးသွားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး မှ ဦးဆောင်ဆရာတော် အရှင်ခေမာသီရိလင်္ကာရ က နှုတ်ခွန်းဆက် စကားပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံရုံး သံမှူး ယွီပြင်းကျန်း က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ဟော်ကျိနင် က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ဝိသာခါ ဖောင်ဒေးရှင်း မှ ဒုတိယ ဥက္ကဋ္ဌ သီရိသုဓမ္မသိ ၤဂီ ဒေါ်ရွှေစင် က အခမ်းအနားတွင် ကူညီဆောင်ရွက်မှု တွင် ပါဝင်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် နှင့် ပတ်သက်၍ ပြောကြားနေစဉ်(ဆင်ဟွာ)

“ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင်လှုပ်ရှားမှု” အဖွဲ့ မှ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး သို့ လှူဒါန်းငွေ ကျပ် သိန်း ၆၀ ကို ပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး ဟော်ကျိနင် က အမှာစကား ပြောကြားရာတွင် ယခုအကြိမ်ကူညီဆောင်ရွက်မှု သည် မြန်မာ နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ဒုတိယ အကြိမ်မြောက်ကူညီဆောင်ရွက်မှု ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများတွင် မျက်စိ အတွင်းတိမ် လူနာများ အလင်းရောင် ပြန်လည် ရရှိစေရန် အတွက် ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှုများ ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း ၊ ယခုကူညီဆောင်ရွက်မှု ၏ ဆေးဝါးကုသမှု စရိတ် အားလုံးကို ဂျာမနီ နိုင်ငံရောက် တရုတ်လူမျိုးကုန်သည်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကျန်းယိဟွာ(Zhang Yuhua) မှ အဓိက လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု ကူညီဆောင်ရွက်မှု မှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် ကူညီဆောင်ရွက်ပေးသည့် ရိုးရာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကိုလည်း ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံရုံး သံမှူး ယွီပြင်းကျန်း က မိန့်ခွန်းပြောကြားရာတွင် ယခု အကြိမ် မျက်စိ အတွင်းတိမ်ဝေဒနာရှင် ၂၀၀ ဦးအား အခမဲ့ ခွဲစိတ်ကုသ ပေးခြင်းသည် လူနာ ၂၀၀ ဦးကို အလင်းရရှိစေနိုင်မည့် အပြင် အိမ်ထောင်စုပေါင်း ၂၀၀ အတွက်လည်း မျှော်လင့်ချက် အခွင့်အလမ်းသစ်များကို ဖန်းတီးပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု ကူညီဆောင်ရွက်မှု အောင်မြင်စွာပြီးဆုံးနိုင်ရန် နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ဝိသာခါ ဖောင်ဒေးရှင်း မှ ဒုတိယ ဥက္ကဋ္ဌ သီရိသုဓမ္မသိ ၤဂီ ဒေါ်ရွှေစင် က ယခု ကူညီဆောင်ရွက်မှု တွင် ပါဝင်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် နှင့် ပတ်သက်၍ ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ရှည်လျားသည့် ချစ်ကြည်ရေး သမိုင်းကျောင်းရှိခဲ့ပြီး မြန်မာ နိုင်ငံ ရှိ လိုအပ်သည့် နေရာတွင် ပံ့ပိုးကူညီပေးသည့် အတွက် ဝမ်းသာကြိုဆိုကြောင်း ၊ ဝိသာခါ ဖောင်ဒေးရှင်း က ယခု ကူညီဆောင်ရွက်မှု ကို မေလ ၃ ရက်နေ့တွင် စတင်သိရှိခဲ့ရပြီး ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် တိုင်ပင်ကာ တိုတောင်းသည့် အချိန်ကာလ အတွင်း သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုမိန့်ကို ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနားတွင် “ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင်လှုပ်ရှားမှု” အဖွဲ့ မှ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး သို့ လှူဒါန်းငွေ ကျပ် သိန်း ၆၀ ကို ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်ခဲ့သည့် တရုတ် လူမျိုးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များမှလည်း စုပေါင်းကာ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး သို့ လိုအပ်သော Air-con များကို လှူဒါန်း ခဲ့ကြသည်။

ယခု အကြိမ် ကူညီဆောင်ရွက်မှု မှ မျက်စိ အတွင်းတိမ် ဝေဒနာ ကို အောင်မြင်စွာ အခမဲ့ ခွဲစိတ်ပေး နိုင်ခဲ့သော တာမွေ မြို့နယ် မှ အသက် ၈၁ နှစ်အရွယ်ရှိ အဖိုး ဦးအောင်ဝင်း အား ဆင်ဟွာသတင်းဌာန မှ သွားရောက် မေးမြန်းခဲ့ရာတွင် တရုတ် နိုင်ငံ မှ မျက်စိဒုက္ခရောက်နေသူများကို အခမဲ့ လာရောက်ကူညီ ကုသပေးသည့် အတွက် လွန်စွာဝမ်းသာကြောင်း ၊ ခွဲစိတ်ကုသမှု အပြီးတွင် ကောင်းမွန်စွာ မြင်နိုင်ခဲ့ပြီး လွန်စွာ မျက်စိ ဝေဒနာ အလွန် သက်သာသွားကြောင်း ဝမ်းမြောက်စွာ ပြန်လည်ပြောကြား ခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ ပင်လယ်ရပ်ခြား ချစ်ကြည်ရေး အလင်းရောင် လှုပ်ရှားမှု မြန်မာ နိုင်ငံ ခရီးစဉ် ကို ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း ၊ ယူနန်ပြည်နယ် ပြည်တော်ပြန် တရုတ် သမဂ္ဂ အဖွဲ့ ၊ အိုင်းအို မျက်စိအထူးကု ဆေးရုံ အုပ်စု ၊ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့မှ အဓိက ကူညီပံ့ပိုး ပေးခဲ့ကြပြီး ဂျာမနီ နိုင်ငံရောက် တရုတ်လူမျိုး ကုန်သည်ကြီးများ ပရဟိတ ဖောင်ဒေးရှင်း နှင့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးမိတ်ဆွေများ we chat group မှ အထူးကူညီပံ့ပိုးပေးခဲ့ကြောင်း ၊ ဆေးဝါးကုသမှုပိုင်းတွင် ကူမင်း အိုင်းအို မျက်စိအထူးကု ဆေးရုံကြီး မှ ဆောင်ရွက်ပေးခဲ့ပြီး ယူနန် အပြည်ပြည်ဆိုင်ရာ NGO အဖွဲ့ ၊ ယူနန် အရှေ့တိုင်းလေကြောင်း ကုမ္ပဏီ နှင့် Yangon Nobal Language Center တို့မှ ပူးတွဲပံ့ပိုး ကူညီခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.