Connect with us

Social

တရုတ် နိုင်ငံ ရေတပ် ၏ မြန်မာ နိုင်ငံ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် အတွင်း သန်လျင် လူငယ် သင်တန်းကျောင်း ရှိ ကလေးငယ်များအား သွားရောက် ဖျော်ဖြေနှစ်သိမ့်ပေးခဲ့


ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု သည် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ၏ ဒုတိယ မြောက်နေ့တွင် ရေယာဉ်စု မှ အရာရှိများ နှင့် တပ်ဖွဲ့ဝင် တို့သည် သန်လျင် လူငယ် သင်တန်းကျောင်း သို့သွားရောက် ခဲ့ပြီး ကလေးငယ်များအား ဖျော်ဖြေနှစ်သိမ့် ပေးခဲ့ကြောင်း သိရှိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်(PLA Navy) ၊ အရှေ့ပင်လယ် ရေယာဉ်စု ၏ စည်းကမ်း စစ်ဆေးရေး ကော်မရှင် ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီး ရွှီဖိန် (Xu Ping) ဦးဆောင်သော ဖျော်ဖြေနှစ်သိမ့်ရေး အဖွဲ့သည် နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် သန်လျင် လူငယ် သင်တန်းကျောင်း သို့ရောက်ရှိခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး မှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင် နှင့် သန်လျင် လူငယ် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးညီညီစိုး တို့နှင့် တွေ့ဆုံဆွေးနွေးရာတွင် သင်တန်းကျောင်း မှ ကလေးငယ် များ ပျော်ရွှင်စွာ နေထိုင်နေရသည် ကို မြင်တွေ့ရသဖြင့် လွန်စွာဝမ်းမြောက်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် သမိုင်းကြောင်းရှည်လျားသည့် ရိုးရာချစ်ကြည် ဆက်ဆံရေးတည်ရှိပြီး လာရောက်လည်ပတ် နှစ်သိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ တရုတ် နိုင်ငံ နှင့် တရုတ် နိုင်ငံ ရေတပ်အပေါ် ပိုမို သိရှိနားလည်းလာနိုင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြားချစ်ကြည်ရေး ကို ပိုမို နက်ရှိုင်းလာစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ အရာရှိ နှင့် တပ်ဖွဲ့ဝင် တို့က သန်လျင် လူငယ် သင်တန်းကျောင်းမှ ကလေးငယ်များအား သွားရောက် ဖျော်ဖြေနှစ်သိမ့်ပေးခဲ့စဉ်

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ အရာရှိ နှင့် တပ်ဖွဲ့ဝင် တို့က သန်လျင် လူငယ် သင်တန်းကျောင်းမှ ကလေးငယ်များအား သွားရောက် ဖျော်ဖြေနှစ်သိမ့်ပေးခဲ့စဉ်

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ အရာရှိ နှင့် တပ်ဖွဲ့ဝင် တို့က သန်လျင် လူငယ် သင်တန်းကျောင်းမှ ကလေးငယ်များအား သွားရောက် ဖျော်ဖြေနှစ်သိမ့်ပေးခဲ့စဉ်

တရုတ် နိုင်ငံ ရေတပ် မှ တပ်ဖွဲ့ဝင် တို့သည် သင်တန်းကျောင်းရှိ ကလေးငယ် များကို တရုတ်ရိုးရာ တူရိယာ များ ၊ အကများ နှင့် သီချင်း များဖြင့် တီးခတ်ဖျော်ဖြေပေးခဲ့ပြီး တရုတ် ရိုးရာ သိုင်းပညာများကိုလည်း ကလေးငယ်များအား သိုင်းကစားပြသ ခဲ့ရာ ကလေးငယ်များ မှ လွန်စွာ ပျော်ရွှင်နှစ်သက်ခဲ့ကြပြီး အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

ထိုစဉ်တွင် ရေယာဉ်စု မှ သူနာပြုဆရာမ တုန်ကျယ် သည် ကလေးငယ်၏ လက်တွင် အပေါ်ရံ ပွန်းပဲ့ဒဏ်ရာ ကိုတွေ့ရှိခဲ့သဖြင့် ချက်ချင်း ဆေးဝါး ကုသမှုဆောင်ရွက်ပေးခဲ့ပြီး သင်တန်းကျောင်းရှိ ကလေးငယ်များတွက် မိမိတွင် ပါရှိသည့် ဆေးဝါးများအားလုံးကို ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

ထို့နောက်တွင် ရေယာဉ်စု မှ ဖျော်ဖြေနှစ်သိမ့်ရေး ကိုယ်စားလှယ် အဖွဲ့သည် ကလေးငယ် များကို အထူး စီမံဆောင်ရွက်ထားသည့် ကိတ်မှုန့်များကို ကျွေးမွေးခဲ့ပြီး သင်တန်းကျောင်းရှိ ကလေးငယ်များ အားလုံးကို စုပေါင်း မွေးနေ့ပွဲလေးတစ်ခု ကျင်းပ ပြုလုပ်ပေးခဲ့သည်။ တိုက်ဆိုင်စွာ ထိုနေ့တွင် မွေးနေ့ကျရောက် နေသော ကလေးငယ် တစ်ဦး က မိမိသည် မိဘမဲ့ ကလေးတစ်ဦးဖြစ်ရာ ယခုနှစ် မွေးနေ့တွင် တရုတ် နိုင်ငံ ရေတပ် မှ မွေးနေ့ပွဲ ပြုလုပ်ပေးခဲ့သည့် အတွက် တစ်ကြိမ်တစ်ခါ မှ မရရှိဖူးသည့် ပျော်ရွှင်မှု ကို ခံစားခဲ့ရကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ရေတပ် မှ တပ်ဖွဲ့ဝင် တို့သည် ကလေးငယ်များအား ပန်ဒါ ဝက်ဝံရုပ်များ နှင့် တရုတ် နိုင်ငံ ရေတပ် အမှတ်တရ လွယ်အိတ်များကို ပေးအပ်ခဲ့ပြီး ကလေးငယ်များအား ပညာကို ကြိုးစားသင်ယူကြရန် အားပေး နှစ်သိမ့် ခဲ့ကြသည်။

သန်လျင် လူငယ် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးညီညီစိုး က ကလေးငယ်များ ယခု ကဲ့သို့ ပျော်ရွှင်နေကြသည်ကို မြင်တွေ့ရသည့် အတွက် အလွန်ဝမ်းမြောက်ကြောင်း ၊ ယခုကဲ့သို့လာရောက် လည်ပတ်သည့် အတွက် တရုတ် နိုင်ငံ ၏ ရှည်လျားသော သမိုင်းယဉ်ကျေးမှု များကို သိရှိခဲ့ရပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ချစ်ကြည်ဆက်ဆံရေး ကိုလည်း နားလည်ခွင့်ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.