Connect with us

Social

မြန်မာ နိုင်ငံရှိ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ် များကို အခမဲ့ ဆေးဝါးကုသရန် တရုတ် နိုင်ငံသို့ ပို့ဆောင်ပေး ခဲ့ရာတွင် အောင်မြင်စွာ ခွဲစိတ်ကုသပေး နိုင်ခဲ့

တရုတ် နိုင်ငံ ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီး တွင် မွေးရာပါ နှလုံးရောဂါ ကုသရန် ရောက်ရှိ နေသည့် မဝင်းလဲ့ဖြိုး နှင့် အဖွားဖြစ်သူအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သို့ အခမဲ့ ဆေးဝါးကုသရန် ရောက်ရှိနေသော မြန်မာ နိုင်ငံ မှ မွေးရာပါ နှလုံးရောဂါ ဝေသနာရှင် ကလေးငယ် များကို မြန်မာ နိုင်ငံ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တရုတ် နိုင်ငံ သို့ရောက်ရှိစဉ် အတွင်း မေလ ၁၆ ရက်နေ့က သွားရောက်ကြည့်ရှု ခဲ့ရာတွင် ပထမ အသုတ် အဖြစ်ရောက်ရှိလာသည့် ကလေးငယ် ၁၂ ဦးအနက် ၈ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံရှိ မွေးရာပါ နှလုံးရောဂါ ဝေသနာရှင် ကလေးငယ် ၅၄ ဦး ကို တရုတ် နိုင်ငံသို့ အခမဲ့ ခွဲစိတ်ကုသရန် ပို့ဆောင်ပေးသည့် ကူညီဆောင်ရွက်မှု သည် တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) မှ ဦးစီးကာ တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် စာနယ်ဇင်းလောကကုသိုလ်ဖြစ် လုပ်ငန်းဖွံ့ဖြိုးရေးအသင်း မှ တွဲဖက်ဆောင်ရွက်ခဲ့သည့် အစီအစဉ် တရပ် ဖြစ်ပြီး မတ်လ ပိုင်းတွင် စတင် အကောင်အထည် ဖော်နိုင် ခဲ့သော ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ် နိုင်ငံ ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီး ရှိ အခမဲ့ ဆေးဝါးကုသရန် ရောက်ရှိလာသော ကလေးငယ်များကို သွားရောက်ကြည့်ရှုစဉ် အတွင်း ကလေးငယ်များကို နွေးထွေးစွာ အားပေးနှစ်သိမ့်ပေးခဲ့ပြီး ကလေးငယ်များကို အရုပ်လက်ဆောင်များကို ပေးအပ်ခဲ့သည်။ခွဲစိတ်ကုသမှု ကို အောင်မြင်စွာ ခံယူခဲ့သည့် ကလေးငယ် မဝင်းလဲ့ဖြိုး ကို ကြည့်ရှုစဉ် အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကလေးငယ်အား “ဒီနေရာမှရှိတဲ့ ဆရာဝန် နဲ့ဆေးပညာ တွေက အလွန်ကောင်းမွန်မြင့်မားတယ် ၊ ဆရာဝန်ပြောကြားချက်ကို နားထောင်ပါ ၊ ကျန်းမာရေး က အမြန်ပြန်ကောင်းလာပါလိမ့်မယ်”ဟု ပြောကြား ခဲ့သည်။

ပထမ အသုတ်အဖြစ် ဆေးဝါးကုသရန် ရောက်ရှိလာသည့် ကလေးငယ်များ အနက် အသက် ၅ နှစ်အရွယ်ရှိသော မဝင်းလဲ့ဖြိုး၏ အဖွားဖြစ်သူက “ကလေး က အခုလို တရုတ် နိုင်ငံ မှာ အခမဲ့ ခွဲစိတ်ကုသဖို့ ရွေးချယ်ခံခဲ့ရတဲ့အတွက် လွန်စွာ ကံကောင်းတယ် ၊ တရုတ် နိုင်ငံ က ဆရာဝန်တွေက ကလေးကို ကောင်းမွန်အောင် ကုသပေးနိုင်ခဲ့တယ် ၊ ဘယ်လိုကျေးဇူးတင်ရမှန်းကို မသိဘူး”ဟု ပျော်ရွှင်စွာ ပြောကြား ခဲ့သည်။မဝင်းလဲ့ဖြိုး မှလည်း ဆင်ဟွာ သတင်းဌာန သတင်းထောက်အား ယခင်က မည်သည့် ကိစ္စဆောင်ရွက်သည် ဖြစ်စေ အလွန်မောပန်းကြောင်း ၊ ယခု ခွဲစိတ်ကုသပြီးနောက်တွင် ခန္ဓာကိုယ်မှာ လွန်စွာ နေထိုင်ရ ကောင်းမွန်လာကြောင်း ပြောကြား ခဲ့သည်။

ယခုအကြိမ်စေလွှတ်ခဲ့သည့် မဝင်းလဲ့ဖြိုး အပါအဝင် ကလေးငယ် ၁၂ ဦးတွင် အသက်အငယ်ဆုံး မှာ ၂ နှစ်အရွယ်သာရှိပြီး အကြီးဆုံး အနေဖြင့် အသက် ၁၆ နှစ်ရှိသည်။ကလေးငယ် အများစုအား အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး မကြာမီ အချိန်တွင် မြန်မာ နိုင်ငံ သို့ ပြန်လာနိုင်ကြတော့မည် ကိုလည်း သိရှိခဲ့ရသည်။

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ လီပိန်ကုန်း (Li Bengong) က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် ပြည်သူလူထု အကြား နှလုံးသားချင်းချိတ်ဆက်မှု ဟူသည့် အချက်ပါဝင်သောကြောင့် မိမိ တို့အနေဖြင့် နှလုံးရောဂါကို စတင်ကူညီဆောင်ရွက်ခဲ့ရာတွင် မြန်မာ နိုင်ငံ မှ ဝေဒနာရှင် ကလေးငယ်များ ကျန်းမာကောင်းမွန်သည့် ဘဝ ပြန်လည် ရရှိရန် အတွက် ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ရောဂါဝဒနာရှင် ကလေးငယ် တစ်ဦးကို ကူညီဆောင်ရွက်မှု ပေးနိုင်ခဲ့လျင် မိသားစု တစ်ခု ကို ကယ်တင်လိုက် သကဲ့တို့ ပင်ဖြစ်ကြောင်း ၊ ကုသိုလ်ဖြစ် အဖွဲ့အစည်း တစ်ခု အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ကို တွန်းအားပေး ဆောင်ရွက်ပြီး ဒေသတွင်း ရှိ ပြည်သူလူထု တို့၏ အခက်အခဲ ကို လက်တွေ့ ကူညီဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.