Connect with us

Social

ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်၌ မြန်မာဘာသာအား တရုတ် ကျောင်းသား/သူများ နှစ်စဉ် အများဆုံး လာရောက် သင်ကြား

ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် မြန်မာဘာသာ လာရောက် သင်ကြားသော ပြည်ပ နိုင်ငံမှ ကျောင်းသား ၊ ကျောင်းသူ များအနက် တရုတ်နိုင်ငံမှ ကျောင်းသား ၊ ကျောင်းသူများသည် နှစ်စဉ် အများဆုံး ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်ထံမှ သိရသည်။

တရုတ် နှင့် မြန်မာ နှစ်နိုင်ငံသည် အိမ်နီးနားချင်း နိုင်ငံများ ဖြစ်သည့် အပြင် အစဉ်အဆက် ချစ်ကြည် ရင်းနှီးမှု ရှိခဲ့သည့် နိုင်ငံများလည်း ဖြစ်သည့် အတွက် မြန်မာဘာသာအား လာရောက် သင်ကြားမှုတွင် တရုတ်နိုင်ငံမှ နှစ်စဉ် နှစ်တိုင်း အများဆုံး ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မြန်မာဘာသာအား ပြည်ပမှ လာရောက် သင်ယူသော ကျောင်းသား/သူ စုစုပေါင်း ၂၄၃ ဦး ရှိသည့် အနက် တရုတ်နိုင်ငံမှ ၁၁၂ ဦး လာရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်တွင် မြန်မာဘာသာအား တောင်ကိုရီးယားနိုင်ငံမှ ၇၃ ဦး၊ ဂျပန်နိုင်ငံမှ ၂၈ ဦး၊ ထိုင်းနိုင်ငံမှ ၉ ဦး၊ ဗီယက်နမ် နိုင်ငံမှ ၄ ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂ ဦး၊ လာအိုနိုင်ငံမှ ၃ ဦး၊ အိန္ဒိယနိုင်ငံမှ ၈ ဦး၊ မက္ကဆီကိုနိုင်ငံမှ ၁ ဦး၊ အီတလီနိုင်ငံမှ ၂ ဦး ၊ အမေရိကန် နိုင်ငံမှ ၁ ဦးတို့လည်း လာရောက် သင်ကြားလျက် ရှိကြောင်း သိရသည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၌ မြန်မာဘာသာ အပါအဝင် ဘာသာရပ် ၁၀ မျိုးအား သင်ကြားလျက်ရှိရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စုစုပေါင်း ပြည်တွင်း ၊ ပြည်ပ ကျောင်းသား/သူ ၃၄၄၆ ဦး ပညာ သင်ကြား လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.