Connect with us

Social

ရွှေတောင်လုပ်ငန်းစု မှ ကျောင်းဆောင်ပေါင်း ၁၀၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းအသီးသီးအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

ရွှေတောင်ဂရုမှ ဥက္ကဋ္ဌဦးအိုက်ထွန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ရွှေတောင်လုပ်ငန်းစု မှ ကျောင်းဆောင်ပေါင်း ၁၀၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းအသီးသီးအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား အား ယနေ့ Pan Pacific ဟိုတယ်တွင် ကျင်းပခဲ့သည်။

ရွှေတောင်လုပ်ငန်းစုမှ ဥက္ကဋ္ဌ ဦးအိုက်ထွန်း က` ရွှေတောင်လုပ်ငန်းစု အနေနဲ့ ပညာရေး ကဏ္ဍသာမက ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊လမ်းတံတားကဏ္ဍ၊ အထွေထွေ လူမှုကူညီရေး ကဏ္ဍတွေကိုလည်း ကူညီပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်းကူညီမှုတွေဆောင်ရွက်သွားဦးမှာပါ’ ဟုပြောသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

ပညာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ‘ရွှေတောင်လုပ်ငန်းစုအနေနဲ့လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အထဲကမှ ပညာရေးကဏ္ဍကို အများဆုံးလှူဒါန်းခဲ့တဲ့အတွက် များစွာဝမ်းသာမိပါတယ်။ ကျောင်းအလိုက် စာသင်ခန်းလိုအပ်ချက်ပေါ်မူတည်ပြီး ကျောင်းဆောင်များထည့်သွင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ရွှေတောင်ဂရုက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ကျောင်းဆောင်ပေါင်း ၁၀၀ လှူဒါန်းခဲ့ပါတယ်’ ဟုပြောသည်။

ဂုဏ်ပြုချီးမြှင့်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဂုဏ်ပြုချီးမြှင့်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရွှေတောင်ဂရု အနေဖြင့် ၁၉၉၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကဏ္ဍစုံတွင်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅.၁၉ သန်းလှူဒါန်းမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ယနေ့ဂုဏ်ပြုချီးမြှင့်ပွဲသို့ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီး ၊ သံရုံးများမှ သံအမတ်ကြီးများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ဲကြသည်။ (Xinhua)