Connect with us

Social

ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း လုပ်ငန်းများအား တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် အကောင်အထည် ဖော် ဆောင်ရွက်


နေပြည်တော် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

နေပြည်တော် လယ်ဝေးမြို့နယ် နှင့် တပ်ကုန်းမြို့နယ် တို့ရှိ ကျေးရွာ နှစ်ရွာတွင် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း လုပ်ငန်းများအား စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဗဟိုဌာန (IPRCC:_ International Poverty Reduction Center China) တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာ အုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်သူက စီမံကိန်း ပထမနှစ် အတွင်း ယခုအခါ စက်ရေတွင်းတူးဖော်သည့် လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၊ စီမံကိန်း လုပ်ငန်းများ အောင်မြင်အောင် ကော်မတီများ ဖွဲ့စည်း၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

“၃ နှစ် စီမံကိန်း ပြီးသွားမယ် ဆိုရင် အဓိက ဖွံ့ဖြိုး သွားမှာ ဖြစ်ပါတယ်။ရေပေးရေး လုပ်ငန်းတွေ ၊ လမ်း လုပ်ငန်းတွေ ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ ၊ လူထု ဖွံ့ဖြိုးရေး စင်တာတွေ ဆောက်လုပ်ပြီး ပြည်သူ လူထုတွေ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။လာရောက် ကူညီတဲ့ တရုတ် အဖွဲ့ကိုလဲ ကျေးရွာသူကျေးရွာသားတွေ ကိုယ်စား အထူး ကျေးဇူးတင်ရှိပါတယ်။ စီမံကိန်း ပြီးသွားရင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပြီးသွားရင် စိုက်ပျိုး မွေးမြူရေး သင်တန်းတွေနဲ့ပြည်သူလူထုက တရုတ်နိုင်ငံ အကူအညီနဲ့နည်းပညာ အကူအညီနဲ့မွေးမြူရေး လုပ်ငန်းတွေ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အဆင့်မြင့် နည်းပညာတွေနဲ့ဆောင်ရွက်နိုင်မယ် ဆိုရင် ပြည်သူတွေက ဆင်းရဲမှု လျှော့ချရေးကို အတိုင်းအတာ တစ်ခု အထိ လွတ်လာမယ်လို့မြင်ပါတယ်။”ဟု အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်သူက ပြောကြားခဲ့သည်။

ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်းအား လယ်ဝေးမြို့နယ် ၊ မင်းပြင် ကျေးရွာ နှင့် တပ်ကုန်း မြို့နယ် အေးချမ်းသာ ကျေးရွာတို့၌ ၃ နှစ် စီမံကိန်း ကာလ သတ်မှတ်ကာ တရုတ်နိုင်ငံ၏ ထောက်ပံ့ငွေ ယွမ် ၃၃ ဒသမ ၃၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာ၌ သောက်သုံးရေ ရေပေးရေး လုပ်ငန်းအတွက် စက်ရေတွင်း တူးဖော်ခြင်းများ လုပ်ကိုင် နေစဉ်(ဆင်ဟွာ)

ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာအား တွေ့ရစဉ်(ဆင်ဟွာ)

လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာတွင် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း အကောင်အထည် ဖော်ရေးအတွက် တာဝန်ရှိသူများနှင့် ကျေးရွာသူ/သားများ တွေ့ဆုံ ဆွေးနွေးစဉ်(ဆင်ဟွာ)

ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာအား တွေ့ရစဉ်(ဆင်ဟွာ)

စီမံကိန်း သုံးနှစ်တာ ကာလအတွင်း ကျေးရွာ နှစ်ရွာရှိ အိမ်ထောင်စု ၁၄၀၀ ၊ လူဦးရေ ၇၈၀၀ ကျော်သည် စီမံကိန်း၏ အကျိုး ကျေးဇူးများ ရရှိခံစားစေမည် ဖြစ်ကြောင်း သိရသည်။

မင်းပြင် ကျေးရွာနေ ပြည်သူ တစ်ဦး ဖြစ်သူ ဦးမိုးကျော်မြင့်က “ဒီစီမံကိန်းက ကျနော်တို့ရွာအနေနဲ့အများကြီး တိုးတက်မှုတွေ ဖြစ်လာနိုင်မယ့် စီမံကိန်း လို့မြင်ပါတယ်။ တကယ် ကောင်းလာနိုင်မယ့် စီမံကိန်းလို့ မြင်ပါတယ်။ ကျွန်တော်တို့ရွာမှာ လိုအပ်နေတဲ့ အလုပ်အကိုင် လိုအပ်ချက်တွေ ၊ ကျေးရွာနေ ပြည်သူလူထုရဲ့ အဆင့်မြင့်မြင့် နေထိုင်နိုင်မယ့် အနေအထား မျိုးလေးတွေကို ဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ အစီအစဉ်ဖြင့် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်းအား အောင်မြင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည့် အတွက် အထူး ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယခုအခါ မင်းပြင် ကျေးရွာ၌ စီမံကိန်း လုပ်ငန်းများ အဖြစ် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိရာ ကျေးရွာနေ ပြည်သူ တစ်ဦး ဖြစ်သူ မသဲမာက ယခင်က သောက်သုံးရေအား ခက်ခက်ခဲခဲ ရယူခဲ့ရာမှ အလွယ်တကူ ရေတွင်းမှ ရယူနိုင်တော့မည် ဖြစ်သည့် အတွက် ဝမ်းသာမိကြောင်း ၊ စီမံကိန်းကြောင့် တိုးတက်မှုများ ဖြစ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

လယ်ဝေးမြို့နယ် မင်းပြင် ကျေးရွာ၌ စီမံကိန်း ကာလ အတွင်း ဦးစားပေး လုပ်ငန်းများ အဖြစ် ပထမနှစ်တွင် ရေတွင်း တူးဖော်ခြင်း နှင့် လမ်းခင်းခြင်း လုပ်ငန်းများ ၊ ဒုတိယနှစ် အတွင်း လူထု ဖွံ့ဖြိုးရေး စင်တာ နှင့် လျှပ်စစ်မီး ကိစ္စများ ၊ တတိယနှစ်တွင် စာသင်ကျောင်း နှင့် ကမ်းပါးထိန်း နံရံများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ထိုစီမံကိန်းအား စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကျေးရွာ နှစ်ရွာတွင် လမ်း တံတားနှင့် ရေပေးရေးဆိုင်ရာ အခြေခံ အဆောက် အအုံများ တည်ဆောက် ပေးမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ထောက်ကူပေးခြင်း၊ ရပ်ရွာအဆင့် သဘာ၀ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှု လုပ်ငန်းများ အကောင်အထည်ဖော်ပေးခြင်း၊ ဖွံ့ဖြိုးရေး ဆိုင်ရာ စွမ်းဆောင် ရည် မြှင့်တင်ရေး ဆိုင်ရာ သင်တန်းများ အတွက် နည်းပညာများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းသည် “(၁၇) ကြိမ်မြောက် အာဆီယံနှင့် တရုတ် ၊ ဂျပန်၊ ကိုရီးယား (၁၀ + ၃) ခေါင်းဆောင်များ အစည်း အဝေး” တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Keqiang က “ အရှေ့ အာရှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှု စီမံချက်ကို ဖော်ဆောင်ရန်” အဆိုပြုခဲ့သော စီမံချက် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117